Skip to content

About the Author

စာရေးသူရဲ့ ကိုယ်ရေးအကျဉ်း

၁၉၅၇ ခုနှစ် နိုဝင်ဘာလဖွား။ အမည်ရင်း အောင်သိန်းကျော်။

မန္တလေး၊ လွိုင်ကော်၊ လောပိတ၊ တောင်ကြီးတို့မှ မူလတန်းပညာများ သင်ကြားခဲ့ပြီး ရန်ကုန်မြို့ကို ၁၉၆၇ခုနှစ်မှာ စတင်ရောက်ရှိခဲ့ကာ အလယ်တန်း၊ အထက်တန်း ပညာများ သင်ကြားခဲ့။ ၁၉၇၅ခုနှစ်မှာ ဆယ်တန်းအောင်။

ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်ကနေ ၁၉၇၉ခုနှစ်မှာ သိပ္ပံဘွဲ့ (ရူပဗေဒ)ကိုလည်းကောင်း၊ ၁၉၈၃မှာ အဆင့်မြင့်ပညာဦးစီးဌာနကနေ မှတ်ပုံတင် ရှေ့နေ သင်တန်း အောင်လက်မှတ်ကိုလည်းကောင်း၊ ၁၉၈၇ခုနှစ်မှာ Université de Paris, Sorbonne ကနေ Certificat Pratique de la Langue Française (1er Degré) ကိုလည်းကောင်း ရရှိခဲ့။

၁၉၇၆ခုနှစ်၊ တက္ကသိုလ်ပထမနှစ်တက်နေစဉ်မှာ ဖခင်ဖြစ်သူ ပျောက်ဆုံးသွားတဲ့အတွက် အငှားယာဉ်မောင်းအဖြစ် စတင် အသက်မွေးခဲ့။   အဲဒီ့နောက် ရွှေဝယ်ရောင်း၊ ကားဝယ်ရောင်း ဘ၀များမှာ ကျင်လည်ပြီး ဘွဲ့ရချိန်မှာ အင်္ဂလိပ်စာ အလွတ်သင်ဆရာအဖြစ် အသက်မွေး။ ၁၉၈၅ခုနှစ်မှာ တရားရုံးချုပ် ရှေ့နေ လိုင်စင် ရတဲ့အထိ ရှေ့နေအဖြစ်လည်း ကျင်လည်ခဲ့ဖူး။

၁၉၈၈ခုနှစ် ဇူလိုင်လမှာ ဥရောပသမဂ္ဂရဲ့ ဘာသာပြန်အဖြစ် အခစား ၀န်ထမ်းဘ၀ကို ရောက်။ ၁၉၉၁ခုနှစ် နိုဝင်ဘာ ၃၀ရက်နေ့အထိ အဲဒီ့ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီ့နှစ် ဒီဇင်ဘာလ ၁ရက်နေ့က စတင်ကာ  ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ သြစတြေးလျသံရုံးရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ် အမှုထမ်းခဲ့။ ပြန်ကြားရေးနဲ့ သုတေသနအရာရှိအဆင့်အထိ ရာထူးအဆင့်ဆင့်တက်ခဲ့ပြီး ၁၉၉၉ခုနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေး သင်တန်း၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မော်လိမု(ခ်)နဲ့ ကင်ဘာရာမြို့များ မှာ ခေါင်းဆောင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု သင်တန်း၊ ၂၀၀၂ခုနှစ်က ဟောင်ကောင်မှာ လုံခြုံရေးစနစ်ပါ ကွန်ပျူတာ ကွန်ရက်ဆက်သွယ်ရေးသင်တန်းများ တက်ရောက်ခဲ့။

၂၀၀၂ခုနှစ် အောက်တိုဘာလအတွင်း အဲဒီ့အချိန်က သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဒေါင်နာ မြန်မာနိုင်ငံကို လာရောက်ခိုက်မှာ သြစတြေးလျ သံရုံးက မျက်နှာဖြူဝန်ထမ်းများက မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သိသိသာသာ ခွဲခြားဆက်ဆံခဲ့မှု တစ်ရပ်အား “မဟာဂျာနယ်”မှာ ဖွင့်ထုတ်ရေးသားခဲ့တဲ့အတွက် သြစတတြေးလျ သံရုံးက နောက်ပိုင်းမှာ မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းကို တရားဝင် တောင်းပန်လွှာ ပေးပို့ခဲ့ပြီးတဲ့နောက် အဲဒီ့ပြစ်မှုနဲ့ ၂၀၀၃ခုနှစ် မတ်လမှာ ရာထူးက ထုတ်ပယ်ခဲ့။

အဲဒီ့အချိန်ကစပြီး အခစား ၀န်ထမ်းဘ၀ကို အပြီးတိုင် စွန့်လွှတ်ကာ လက်တွဲဖော်စာအုပ်တိုက်နဲ့ စာရေးခြင်းအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့။

စာကို လူမှန်းသိချိန်ကတည်းက စတင် ရေးသားခဲ့ပြီး ၁၉၆၅ခုနှစ် တောင်ကြီးမြို့ အထက (၃)က ၄တန်းကျောင်းသားဘ၀မှာ ကဗျာစာမူကို နံရံကပ်စာစောင်မှာ စတင်ဖော်ပြခြင်းခံခဲ့ရ။ အဲဒီ့ကျောင်းမှာပဲ ကဗျာရွတ်ပြိုင်ပွဲ ပထမဆုကို ရရှိခဲ့သလို အမျိုးသားပညာဝန် ဦးဖိုးကျားရဲ့ “ဘိလပ်ပြန် မောင်သောင်းဖေ”ပြဇာတ်မှာ မောင်သောင်းဖေအဖြစ် သရုပ်ဆောင်ခဲ့ဖူး။

၁၉၈၈ခုနှစ်ကစပြီး ဆူဒိုနင် ကလောင် အမည်နဲ့ မဂ္ဂဇင်းတွေမှာ စတင်ရေးလာခဲ့တယ်။ ၁၉၉၈ခုနှစ်မှာ စာပေလောကစာအုပ်တိုက်ကနေ ပထမဆုံး လုံးချင်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ အတ္တကျော် အမည်ကို စတင်သုံးစွဲပြီး ၂၀၀၂ ခုနှစ်မှာ လက်တွဲဖော် စာအုပ်တိုက်ကို စတင်ထူထောင်ခဲ့။

၄၇ နှစ်အရွယ် ဇနီးတစ်ယောက်ရယ်၊ ၂၂ နှစ်အရွယ် သမီးတစ်ယောက်ရယ်၊ ၂၀ အရွယ် သားတစ်ယောက်ရယ်၊ နှစ်နှစ်သားကျော် ရှီဇူး ခွေးထီးကလေး တစ်ကောင်ရယ်နဲ့အတူ ရန်ကုန်မြို့မှာ နေထိုင်လျက်။

ထင်ရှားတဲ့ စာအုပ်တချို့က…

  • “သားငယ် သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ”
  • “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁) “
  • “ထိမ်းမြားပေါင်းဖက် ရန်ဖြစ်လျက်ပင် ချစ်ကြင်နေနည်း”
  • “မဖတ်နဲ့နော်”
  • “သားငယ်တို့ နားလည်ဖို့”
  • “မီးငယ်တို့ အသိကြွယ်ဖို့”
  • “ပျူငှာတဲ့ မူရာ”
  • “ယောက်ျားသားချင်း ပွင့်ပွင့်လင်း”
  • “မိန်းမသားတို့ သိမ်းထားဖို့”
26 Comments leave one →
  1. su su soe nyunt permalink
    02/08/2010 20:13

    Thanks!
    Morden parents should know and pass the sex knowledge to their children, when it is the suitable ages.
    It is not the shameful otherwise children would have wrong message and they would think sexual and reproduction are scary things.

  2. kyaw zin htet permalink
    03/09/2010 22:03

    ဆရာခင်ဗျား
    ဆရာရဲ့ အရင်တုန်းက ထွက်ခဲ့တဲ့ စာအုပ်တချို့ကို လိုချင်လို့ပါ။ ဘယ်လို၊ ဘယ်နည်းနဲ့ မှာယူလို့ ရမလဲ ခင်ဗျား။
    ကျွန်တော်က မန္တလေးကပါ။

    ကျွန်တော်လိုချင်တဲ့ စာအုပ်တွေကတော့ “နေပျော်တဲ့ဘ၀ ကြည်မြတဲ့ ဘ၀င် ရွှင်လန်းတဲ့စိတ် (မောဟပြေ ပုံတိုပတ်စများ ၁)”၊ ဆရာ မောင်ဝဏ္ဏရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အစအဆုံး သုံးအုပ်လုံးကို လိုချင်ပါတယ် ခင်ဗျား။

    • lettwebaw permalink
      03/09/2010 22:38

      မန္တလေးမှာ “ထွန်းဦးစာပေ”၊ “ရာပြည့်စာပေ”နဲ့ “ညိုစာပေ”တို့မှာ အဲဒီ့စာအုပ်တွေ မလွဲမသွေ ရရှိနိုင်ပါတယ် ကိုကျော်ဇင်ထက်ရေ။ ရန်ကုန်က ကျွန်တော့်ဆီ လှမ်းမှာတာက ကြာပါဦးမယ်။ အဲဒီ့မှာ မေးကြည့်လိုက်ပါလားဗျာ။ 78 Shopping Mall က City Mart မှာလည်း ရမလား မသိဘူးဗျ။ တစ်နေ့ကတော့ မိတ်ဆွေတစ်ယောက်က အဲဒီ့ကနေ ကျွန်တော့် စာအုပ် ၆ မျိုး ၀ယ်လာတယ်လို့ ပြောသဗျို့။

  3. 27/01/2011 16:18

    ဆရာ ဆူဒိုနင် ကနေ အတ္တကျော် လို့ ဘာလို့ ပြောင်းလိုက်တာပါလဲခင်ဗျာ။
    ကျွန်တော် က ဆူဒိုနင် ဆိုတဲ့ နာမည်ပဲသိလို့ပါ။ဆူဒိုနင်ရဲ့ စာဖတ်ပရိသတ် တစ်ဦးပါ။
    အတ္တကျော် က တော့ ကြားဖူးတယ်ပဲပြောရမယ်။
    ၂၀၀၅ လောက်ကစပြီး စလုံးမှာ အခြေချနေလို့လဲ ဖြစ်ပါလိမ့်မယ်။
    ဆရာ့ကိုလေးစာပါတယ်။

    • lettwebaw permalink*
      28/01/2011 00:22

      “ဆူဒိုနင်”က ကျွန်တော့်ဘာသာ ကျွန်တော် ငယ်တဲ့အရွယ်တုန်းက စိတ်ပေါက်ပေါက်နဲ့ ပေးခဲ့မိတဲ့ ကလောင် နာမည်ပါ။ တကယ့်တကယ် ကျွန်တော်ကိုယ်တိုင်က အဲဒီ့နာမည်ကို သိပ်မကြိုက်လှပါဘူး။ ၁၉၉၉ ခုနှစ်ထဲမှာ ဘာအကြောင်းမှန်း မသိတဲ့ အကြောင်းတစ်ခုနဲ့ အဲဒီ့နာမည်ကို သုံးလို့ မရဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ အသွင်ကွဲ နာမည်တစ်ခုကို စဉ်းစားလိုက်တဲ့အခါ ကျွန်တော့်နာမည်ရင်းရဲ့ အတိုကောက် ATK နဲ့ တွဲလျက် “အတ္တကျော်”ဆိုတာကို တွေးမိလာရတယ်။ အဲဒီ့အချိန်မှာ ကျွန်တော်က “အတ္တ”ကို စတင်ရှာဖွေ တွေ့ရှိချိန်ပါ။ ဒါ့ကြောင့် ၂၀၀၀ ပြည့်နှစ် နှစ်ဦးမှာ အဲဒီ့နာမည်ကို စသုံးခဲ့တာပါပဲ။ ကလောင်သာမက ရေးပုံနဲ့ ရေးတဲ့ အကြောင်းအရာပါ ပြောင်းသွားတဲ့အတွက် စောစောပိုင်းက ဆူဒိုနင်မှန်း မသိဘဲ သတ်သတ်တစ်ယောက်လို့ ထင်မြင်နေခဲ့ကြသူတွေ ရှိဖူးပါတယ်။ အခုအချိန်ထိလည်း စာဖတ်မနာတဲ့သူတွေဆို မသိကြပါဘူး။ မြန်မာပြည်မှာ စာရေးသူ လုပ်ရတာ သိပ်အားငယ်တယ်ဗျာ။ အခုအချိန်အထိ ဆူဒိုနင်လည်း မသိ၊ အတ္တကျော်လည်း မသိတဲ့ ကြောင်စီစီမျက်လုံးတွေနဲ့ မြန်မာလူမျိုးတွေကို အမြဲမပြတ် တွေ့နေရလို့ တစ်ယောက်ယောက်နဲ့ ဆုံတိုင်း ကျွန်တော့်ကို စာရေးသူပါဆိုပြီး မိတ်ဆက်ပေးမှာတောင် ထိတ်လန့် သွေးပျက်လာမိရတဲ့အထိပါပဲ။ အခု ဆရာအောင်ဒင်က ဆူဒိုနင်ကို သိသေးတယ်ဆိုတော့ အထူးကျေးဇူးတင်ပါတယ်ဗျာ။ :(

      • 07/03/2013 18:03

        ဆ၇ာလည်းစိတ်ပျက်အားငယ်တတ်တာပဲလားးးးးး

      • lettwebaw permalink*
        07/03/2013 18:08

        အယ်…. တူညားလည်း လူပဲလေ… နတ်မှ မဟုတ်ထှာဂို… :P

  4. 21/03/2011 09:41

    I just found out this page.Really useful and i got a lot of knowledge from this site.

    Becoz of conn: i cant found out what i want to know.coz of loading so long.

    So Sayar,if you don’t mind could you share me yr mail add: and please let me ask you

    openly.I do appreciate if i can get a chance to contact with u through via-email.

    Thanks and best regards, ai.

  5. Moe Sweet permalink
    29/04/2011 13:36

    ဆရာ စကားပြောပုံမျိုးနဲ့ဆို မောင်သောင်းဖေ ဇာတ်ရုပ်နဲ့ လိုက်မှာပဲ။ :D

  6. 20/05/2011 04:06

    ဆရာ ခင်ဗျာ …
    ဆရာ့ စာပေများကို လေးစားစွာ ဖြင့် အစဉ် အားပေးနေပါသည် ခင်ဗျာ။
    ဆရာ ယခုထက် ပို၍ စာပေအကျိုးကို သယ်ပိုးနိုင်ပါစေ ခင်ဗျာ။။
    ရိုသေလေးစားစွာဖြင့်

  7. Shan Girl permalink
    20/05/2011 15:55

    သမီးကတော့ ဆရာဆူဒိုနင် နာမည်ကတည်းကအားပေးခဲ့တာပါ..နာမည်ပြောင်းသွားတာလည်းရိပ်မိခဲ့ပါတယ်..။
    ဆရာအားတက်အောင်လို့ပါ..ဟဲဟဲ။ အတည်ပြောတာပါနော်..။
    သရဖူ၊ Idea, Teen တွေမှာကတည်းကစဖတ်ခဲ့တာပါ..
    ဆရာ့ရဲ့ ထာဝရပရိသတ်ပါ..။
    လေးစားလျှက်..

  8. Kyaw Swar permalink
    25/07/2011 09:25

    Dear Sir,

    Is it safe to have sex with my wife as she is pregnant about 10 week now.
    Kindly advise satisfactory position for both of us and up to how many week pregnancy we can having sax safely.

    Appreciate and thanks,

    Best regards,
    Kyaw Swar

  9. lay lay nge permalink
    14/12/2011 14:52

    ဆရာ့ဆီကို စာရေးပြီး မေးမြန်းချင်ပါတယ်။ email address ကို ဘယ်လိုရနိုင်ပါမလဲ သိချင်ပါတယ်။

  10. ကိုတိုးကြီး permalink
    22/01/2012 02:24

    မေးချင်တာ တခုက author ရဲ့ ၂၂ အရွယ် သမီး နဲ့ ၂၀ အရွယ် သား ကိုကော ဒီစာတွေ ပေးဖတ်ရဲ့ လား ဆိုတာ ပါ ။ ဆူဒိုနင် ကို မသိတဲ့ သူ အတော်များပါလိမ့်မယ် ။ သိရင်လည်း အတော်များများက နှာခေါင်း၇ှုံ့ကြတာတွေ တွေ့ဖူးတယ် ။ Author ရဲ့ ပရိတ်သတ် က ဆယ်ကျော်သက်အရွယ် sex ကို လက်တည့်စမ်းချင်နေတဲ့ ချာတိတ်တွေနဲ့ အရွယ်ပေါင်းစုံက အလည် တွေ ဆိုတာ တော့ သတိရနော် … ဟဲဟဲ

    • lettwebaw permalink*
      22/01/2012 11:30

      ဒါလေးကို တစ်ဆိတ်လောက် ဖတ်ကြည့်လိုက်ပါလား ခင်ဗျာ။ သည်စာကို ရေးတဲ့ ပုဂ္ဂိုလ်က နာမည်မျိုးစုံနဲ့ အင်တာနက်ပေါ်မှာ လူမသိ သူမသိ လက်သီးပုန်းလည်ထိုးနေတဲ့ လူစားမျိုးထဲက မဟုတ်ဘဲ သူ ဘယ်သူဘယ်ဝါ ဆိုတာ အမည်နာမနဲ့ နေရပ်လိပ်စာနဲ့ ဘွဲ့ထူးဂုဏ်ထူးနဲ့ ခြေခြေမြစ်မြစ်ရှိတဲ့ ဆရာတော်တစ်ပါးပါပဲ။

      http://atkbooks.wordpress.com/2012/01/22/taungzoon/

  11. 08/06/2012 17:09

    ဆရာခင်ဗျား။ကျွန်တော်ကတော့နယ်ကပါ။ဆရာရေးတဲ့စာအုပ်တွေဖတ်ရပါတယ်။
    ဗဟုသုတရပါတယ်။ဆရာ့ရဲ့သားငယ်တို့နားလည်ဖို့စာအုပ်ကိုဖတ်ချင်လို့ရှာတာကျွန်တေ်
    တို့မြို့မှာမတွေ့တော့ပါဘူး။ဒါ့ကြောင့်ဆရာ့ဆီကိုကျသင့်ငွေနဲ့မှာချင်ပါတယ်။ဘယ်လိုမှာရမလဲ
    ကျသင့်ငွေဘယ်လောက်နဲ့မှာရမလဲ။လိပ်စာလေးပေးပေးပါဆရာ။

  12. 15/06/2012 00:08

    အချစ်ကခါးလိုက်ချိုလိုက်နဲ့ဘာလို့ပြောင်းလဲမြန်ကြတာလဲဗျာ။

  13. naymyowin permalink
    24/07/2012 21:19

    ဆရာခင်ဗျာ… ဆရာစာအုပ်လေးတွေဖတ်ရတာ အလွန်သဘောကျပါတယ်။ အတွေးလေးတွေလဲ ရပါတယ်။ အားလည်းပေးပါတယ်။ ကလောင်နာမည်နှစ်ခုလုံးလည်း သိပါတယ်။ ဗဟုသုတတွေ တိုးပြီး အမြင်ကျယ်လာလို့  ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး ပညာပေးနှင့် အတွေးလေးတွေပါသော စာအုပ်တွေ များများထုတ်နိုင်ပါစေဆရာ… ဆရာဘလော့မှ ပညာပေးအသိလေးတွေ ဝေငှာလို့  ကျေးဇူးအများကြီး တင်ပါသည်ခင်ဗာ… အားပေးလျက်ပါဆရာ…

  14. tommymin permalink
    31/08/2012 23:43

    ဘယ်လိုပြောရမလဲ ။ ဆရာလို လူမျိုးတစ်ယောက်ရှိတာ ကျွန်တော်တို့လူငယ်တွေအတွက် တစ်ကယ့်ရတနာပါပဲ ။

  15. aungayehtoo permalink
    06/12/2012 23:06

    ဆရာအတ္တကျော်..I like your ideas and courage for youths…..ဆရာဟာကျန်တော့်စံပြပါဆရာ..

  16. mon mon ko permalink
    10/01/2013 15:27

    ဆရာအသစ်တွေမတင်တော့ဘူးလားဆရာရဲ့။အားပေးနေပါတယ်ဆို။။။

  17. Begar lay permalink
    28/02/2013 10:47

    ဆရာ့ကိုလေးစားပါတယ်
    email လိပ်စာသိပါရစေ

    • lettwebaw permalink*
      02/03/2013 14:27

      ဟုတ်ကဲ့… လေးစားပါတယ် ခင်ဗျ။ ကွန်မန့်တွေ စုံအောင် ဖတ်ကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ် ခင်ဗျ။ :)

  18. Yar Zar permalink
    09/08/2013 21:02

    ဆရာ ကျွန်တော်ရိုသေစွာတစ်ခုမေးပါရစေ.(အသုံးအနှုန်းများရိုင်းရင် ရှေးဦးစွာဝန်ချတောင်းပန်ပါတယ်ဆရာ).ကျွန်တော်တို့အမျိုးသားအင်္ဂါရဲ့အရေခွံက မွေးရာပါရှည်နေတယ်ဆရာ..အဲဒါဒီအတိုင်းဖုံးတခါ ပွင့်တခါဖြစ်တော့သန့်ရှင်းရေးဝင်ရတာပေါ့ဆရာရယ်…အဲဒါကိုကျွန်တော့ဆန္ဒကအရှေ့ပိုင်းရှည်နေတာကိုဖြတ်လိုက်ချင်တယ်ဆရာ..အကျိုးအပြစ်ကိုဆရာအမိန့်ရှိပေးပါဆရာ…..
    အစဉ်လေးစားလျက်…
    ဆရာ့၏တပည့်

  19. 02/10/2013 20:14

    ကောင်းပါတယ်။မေးမြန်ချင်တာရှိလို့ဘယ်လိုမေးရမလဲ။gt လိုမေးချင်တယ်ဗျာ

  20. Moe Z permalink
    28/01/2014 10:20

    ဆရာနေကောင်းပါတယ်နော်
    ကျွန်တော်က သိချင်တာလေးရှိလို့ ပါဆရာ
    ကောင်မလေးက ရာသီလာပြီး ၁၀ ရက်အတွင်းလိင်ဆက်ဆံရင် ကိုယ်ဝန်များ ရှိနိုင်မလားဆရာ
    အရေးပေါ်သားဆက်ခြားဆေးက ဘယ်လိုသုံးရတာပါလဲဆရာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

Join 402 other followers

%d bloggers like this: