Skip to content

ဗိုက်ကြီးမှာကို ပူကြမယ့်အစား

30/03/2018

ကမ္ဘာမှာ အဆိုးတကာ့ အဆိုးဆုံး ကာလသားရောဂါသစ် တွေ့ရှိ

ဗြိတိန်နိုင်ငံမှာတော့ တလင်တမယားစနစ်အတိုင်း နေထိုင်ပေမယ့် သွားရင်းလာရင်းနဲ့ အရှေ့တောင်အာရှက အိပ်ဖော်တယောက်နဲ့ စခန်းသွားမိရာက ကမ္ဘာမှာ အဆိုးတကာ့ အဆိုးဆုံး မဟာကာလသားရောဂါ (ဆူပါ ဂနိုရီယာ) ရသွားတဲ့သတင်း ဖတ်လိုက်ရပါတယ်။

ဆရာကြီး သိန်းဖေမြင့်က တက်ခေတ်နတ်ဆိုးဆိုပြီး ပြီးခဲ့တဲ့ ရာစုနှစ် စောစောပိုင်းမှာ တပ်လှန့်ခဲ့တဲ့ ကာလသား ရောဂါကို ပင်နီဆလင် (နောက်ပိုင်း မျိုးကွဲတွေ) နဲ့ ကုသနိုင်ခဲ့ပြီးတဲ့နောက် ၁၉၆၀ ပြည့်လွန်အနှောင်းပိုင်းကနေ အခုရောဂါသစ် မတွေ့ခင်အထိ သည်ရောဂါကို ထိန်းချုပ်နိုင်၊ ကုသနိုင်ခဲ့ပါတယ်။

အခုတော့ အဲဒီ့ဆေးတွေ မတိုးတော့တဲ့ ပိုးသစ်ပေါ်ပေါက်လာခဲ့ပါပြီ။ မနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ (ဆီးပူ ညောင်းကျရောဂါ၊ ကာလသားရောဂါလို့လည်း ခေါ်ကြတဲ့) ဂနိုရီယာဟာ ကုသရခက်လာပြီး ပဋိဇီဝ ဆေးတမျိုးတည်းနဲ့ မတိုးတော့ကြောင်း ၇၇ နိုင်ငံက သတင်းပို့ထားတယ်လို့ ပါရှိခဲ့ပါတယ်။

သည်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကပဲ ပဋိဇီဝဆေး နှစ်မျိုးတွဲ သုံးဖို့ အကြံပြုထားပါတယ်။

အခု ဗြိတိန်နိုင်ငံမှာ ကူးစက်ခံလာရတဲ့လူကို အဲဒီ့နည်းနဲ့ ကုသပေမယ့် အဲဒီ့ဆေးလည်း မတိုးတော့ပါဘူး။

အခု သူ့မှာ တွေ့ရှိတာဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကရော ကူးစက်ရောဂါ ထိန်းချုပ်ရေး ဥရောပ ဗဟိုဌာနများကပါ လက်ခံထားကြပါတယ်။

ကမ္ဘာ့တချို့နေရာတွေမှာ ဂနိုရီယာလို့ ရောဂါတွေ့ပေမယ့် ဘယ်လောက် ပြင်းမှန်း မသိဘဲ ကုကြလိမ့်မယ်။ အဲလို ဘယ်ဆေး မတိုးလို့ မတိုးမှန်း မသိဘဲ မျက်ကန်းကုရင် ကပ်ရောဂါဖြစ်လာနိုင်တယ်လို့ လိင်မှုရေးရာ ကျန်းမာရေးနဲ့ အိပ်(ခ်ျ)အိုင်ဗှီဆိုင်ရာ ဗြိတိသျှ အသင်းဥက္ကဌက ပြောထားပါတယ်။

အခု အရှေ့တောင်အာရှနိုင်ငံတနိုင်ငံက ကူးစက်လာတယ်လို့ ဆိုထားတာဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရှိနေတဲ့ ကျွန်တော်တို့တွေအတွက် အချက်ပေးခေါင်းလောင်းသံ အကျယ်ကြီး ခေါက်လိုက်တာပဲလို့ အားလုံး သဘောပေါက်ထားသင့်ကြမယ် ထင်ပါတယ်။

ရည်ညွှန်း –

(၁) http://www.bbc.com/news/health-43571120

 (၂) https://goo.gl/D723nr

မိန်းကလေးတွေ အထူးသတိထားဖို့

မနေ့တနေ့ကပဲ သည်စာမျက်နှာမှာ ပဋိသန္ဓေတားဆေး သောက်ပုံသောက်နည်း လာမေးတဲ့ ကလေးမလေးတယောက် ရှိပါတယ်။

သူ့ခမျာ ဗိုက်ကြီးမှာ ပူနေတာပါ။

တကယ်ပူရမှာက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးနိုင်တာ ပူရမှာပါ။

ကိုယ်သိပ်ချစ်တဲ့ ယောက်ျားလေးမို့ ဒါတွေ ကင်းမယ်လို့ ရာနှုန်းပြည့် ယူဆလို့ မရပါဘူး။ ကိုယ်နဲ့တောင် လိင်ဆက်ဆံနေမှတော့ တခြားသူနဲ့၊ ခဏအိပ်ဖော်တွေနဲ့ မဆက်ဆံဘူးလို့ ယုံလို့ မရနိုင်ပါဘူး။ သည်ကိစ္စဟာ အလွန်ဆုံးမှ ၃ နာရီလောက်အတွင်း လူမသိ သူမသိဖြစ်နိုင်တာမျိုးပါ။ တချို့ဆို နာရီဝက်လေက်နဲ့တင်လည်း သူတို့ အာသာကို တွေ့ကရာအမျိုးသမီးနဲ့ ဖြေဖျောက်လိုက်နိုင်တာကို သတိမလစ်သင့်ပါဘူး။

အဲတော့ ပဋိသန္ဓေတားရာလည်းရောက်၊ ကိုယ့်အပေါ် ကျရောက်လာနိုင်ဘွယ်ရှိတဲ့ ရောဂါကိုပါ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးကို အမြဲတစေ သုံးကြစေချင်ပါတယ်။

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: