Skip to content

ECee2 အကြောင်း

18/06/2014

Ecee2ပြီးခဲ့တဲ့​မေလ ၁၀ ရက်​​နေ့က သမီးချစ်​သူနဲ့ အတူ​နေဖြစ်​ပါတယ်​။ ECee 2 ကိုလည်း​ သောက်​ခဲ့တယ်​။ ဒီလ ၇ ရက်​​နေ့မှာလည်း အတူ​နေဖြစ်​ခဲ့တယ်​။ ​ဆေး မသောက်ခဲ့ပါဘူး ရာသီလာမဲ့ရက်​နဲ့ နီး​နေလို့ပါ။ ၁၁ ရက်​​နေ့က စပြီး ရာသီ၃ ရက်​လာပါတယ်​။ အရမ်းကို နည်းပါတယ်​။ ၃ ရက်​စလုံး ​သွေးစွန်းရုံပါ။ စိတ်​ နည်းနည်း ထင့်​​နေပါတယ်။ ဆရာ မြန်​မြန်​​လေး အ​ကြောင်းပြန်​ပါ။

အဲဒီ့စာဖတ်ပြီး စိတ်က အတော်နောက်သွားတယ်။ ပါးစပ်နဲ့ တစ်လုံး ပြောထည့်လိုက်ရ မကောင်းဘဲ ရှိတော့မယ်။ မြန်မြန်လေး အကြောင်းပြန်ပါဆိုတာက ပါသေးတယ်။ 

စာမဖတ် ပေမဖတ်နဲ့ ထင်ရာတွေ လျှောက်လုပ်နေပြီးမှ စိတ်က ထင့်သေးဆိုပဲ။ ဒါဖြင့် ညည်း ဘာလို့ နန့်သေးလဲအေလို့ မေးလိုက်ချင်စိတ်ကို မနည်း မျိုသိပ်ပြီး အောက်ပါအတိုင်း ပြန်လိုက်ပါတယ်။

ECee2 က အမြဲ သောက်သုံးရတာ မဟုတ်ဘူး။ မုဒိန်းကျင့်ခံရတဲ့ မိန်းမမျိုးတွေ သောက်ဖို့ ထုတ်ထားတာ။

ရာသီလာနေသမျှ ဘာမှ မဖြစ်ပါဘူး။ အတူနေဖို့ စိတ်မထိန်းနိုင်ရင် အမြဲသုံးတဲ့ သားဆက်ခြားနည်း တစ်ခုခုကို သုံးသင့်ပါတယ်။

HIV ပိုးကတော့ ကိုယ်ဝန်ထက် ကြောက်စရာ ကောင်းတယ်ဆိုတာလည်း သတိရှိသင့်ပါတယ်။ ပိုးရှိတဲ့သူဟာ ချိုပေါက်မနေပါ။ ဖာသယ်မဆီ သွားတာ ဘယ်လောက်မှ မကြာမှန်း ညည်းလည်း ယောက်ျားနဲ့ အိပ်ဖူးနေတာပဲ။ သဘောပေါက်ပေါ့။

အဲဒီ့ ECee 2 ကို သောက်ခိုင်းတဲ့ ယောက်ျားသားများကလည်း စာမဖတ်ဘဲ လူပြောသူပြောနဲ့ ကိုယ်ချစ်လှပါချေရဲ့ဆိုတဲ့ မိန်းကလေးကို ဇွတ်တိုက်ကြပါတယ်။

ဆေးသောက်တဲ့ မိန်းမသားတွေကတော့ နှာခေါင်း မပါရင် ဘာဖြစ်ညာဖြစ်လို့ အစဉ်တစိုက် အပြောခံခဲ့ကြရသူများပီပီ ယောက်ျားလုပ်တဲ့သူ တိုက်တဲ့ဆေးကို မစိမစစ် မမေးမစမ်းဘဲ ပါးစပ်ထဲ ထည့်ကြတယ်။

သူ့လူနဲ့ သူ ဟုတ်နေလျက်ကနဲ့ အမေလေး အဘလေး လာလာအော်နေတဲ့အပြင် မြန်မြန်လေး ဖြေပေးပါဆိုတာမျိုးနဲ့ ကြုံရတဲ့အခါ ကောင်းတော့ နင်တို့ နှစ်ယောက် ကောင်းတာ၊ ငါ့ကျမှ မြန်မြန်လေးလုပ်မနေနဲ့၊ ကောင်းတာလေးတွေ စားမြုံ့ပြန် တွေးပြီး မှိန်းသာနေလိုက်ကြတော့ဟာလို့ ပြောချင်စိတ်က ပေါက်ပေါက်လာတယ်။ အဟုတ်ပြောတာ။

အမှန်တော့ ECee 2 ဆေးဘူးလေးထဲက စာရွက်ထိပ်ဆုံးမှာ ရေးထားပါတယ်။ Use upon doctor’s prescription only (ဆရာဝန်က သောက်ခိုင်းမှသာ သောက်ပါ)တဲ့။

အောက်ဆုံးက သတိပေးချက် (Warnings) ထဲမှာလည်း It is neither recommended for routine use as a contraceptive… (သန္ဓေတားဆေးအဖြစ် ပုံမှန်အသုံးပြုခြင်းကို အားမပေး)ဆိုတာလည်း ပါပါတယ်။

သည်ဆေးဟာ တစ်သက်လုံးနေမှ တစ်ခါလောက် သောက်ရမယ့်ဆေးဆိုတာလောက် သဘောပေါက်သင့်တယ်။ ဒါမှမဟုတ်လည်း ၄-၅-၁၀ နှစ်လောက်နေမှ တစ်ခါလောက် သောက်ရတာမျိုး။ ပဲလှော်စားသလို အားတိုင်းသောက်ဖို့ လိုနေပြီဆိုရင် တခြားနည်း ပြောင်းသုံးသင့်ပါတယ်။ ပုံမှန် သန္ဓေ တားဆေးအဖြစ် အားမပေးဘူးဆိုတဲ့ စာကို မလိုအပ်ဘဲနဲ့ အတိအလင်း ထည့်ရေးထားမှာ မဟုတ်တာကို မမေ့သင့်ဘူး။

သည်လောက်တော့ သိသင့်ကြပါတယ်။

 

13 Comments leave one →
  1. ငြိမ်းချမ်း permalink
    05/09/2014 07:01

    ပွင့်လင်းလာသောမြန်မာပြည်တွင်ကျန်းမာရေးနှက့်ပတ်သတ်၍ပိုမိုပွင့်လင်းသင့်သည်ကျေးဇူးပါဆရာ

  2. kera permalink
    16/09/2014 00:17

    ဆရာ ​ကောင်​မ​လေးပုံမှန်​လာတာ ၃ ရက်​​နေ့ပါ၂ရက်​​နေ့ကဆက်​ဆံပါတယ်​ ၃​ ၄ ချက်​​လောက်​ပါပဲ ကွန်​ဒုံးလည်းပါပါတယ်​ အရည်​လည်းမထွက်​ပါဘူး အဲ့​နောက်​ ၃ ရက်​​နေ့မလာ​တော့ စိုးရိမ်​ပြီး ၅ရက်​​နေ့ကျ Levo လိုမျိုး​ဆေးတိုက်​ပါတယ်​ အခု ၁၅ ရက်​ကျရာသီလာချင်​သလို​သွေးအနည်းငယ်​သာဆင်းပါတယ်​ အဲ့ဒါကိုယ်​၀န်​ရှိနိုင်​ပါသလားခင်​ဗျာ ပြီး​တော့​ညောင်းကိုက်​ပါတယ်​တဲ့ အမြန်​​ဖြေကြား​ပေးပါဆရာ

    • nightmare permalink
      14/06/2015 21:07

      ecee2 ၂လုံးသောက်ပြီးတာနဲ့ ရာသီလာပါသလားဆရာ…ပြီးတော့ ရာသီမလာခဲ့ရင်ထပ်သောက်ပေးဖို့လိုသလားဆရာ…ဗဟုသုနအနေနဲ့ဖြေကြားပေးပါ ဆရာ

  3. 26/03/2015 15:29

    ဆရာ
    သ​န္ဓေတား​ဆေးက ဘယ်​​ဆေးကိုသုံးရပါမြလဲဆရာ
    ညွန့်​ကြား​ပေးပါရန်​ ​မေတ္တာရပ်​ခံပါတယ်​ဆရာ

  4. zaw ye htet permalink
    20/04/2015 16:12

    ဆရာ ရေ ecee 2 က အန္တရယ် ရှိ တယ်ဆို တော့ လေ တစ် ခြား ဘာ ဆေး တိုက် လို့  ရ လဲ တစ် လ မှ တစ် ခါ လောက် ဆို တော့ လေ ဆေး လဲ မထိုး ချင် ဘူး ဖစ် နေ တယ် ဆရာ ရယ် သောက်ဆေးလေးရှိ ရင် လုပ် ပါ ဦး

  5. earthcrawler permalink
    21/06/2015 23:32

    ဖေ့ဘုတ်မှာ တိုက်ရိုက်လာမေးချင်ပေမယ့် အနှောင့်အယှက်ဖြစ်နေမှာ စိုးလို့ ဒီမှာပဲမေးပြီး reply စောင့်ပါတော့မယ် ခင်ဗျာ။
    ကျွန်တော့်လိင်အင်္ဂါအရေပြားက ရှည်ပြီး ထိပ်ကိုဖုံးနေပါတယ်။ သာမန်ပျော့နေချိန်မှာ အရေပြားကို အရင်းထိဆွဲယူလို့ ရပါတယ်။ ဒါပေမယ့် တောင့်တင်းနေချိန်မှာတော့ အရေပြားဟာ လိင်တံတစ်ခုလုံးကို အုပ်နေပြီး အနောက်ကို ဆွဲယူကြည့်တဲ့အခါမှာ လုံးဝ မရတာကို တွေ့ရပါတယ်။ ဘာလို့ဆို အရေပြားထိပ်ဝက အနောက်ကို ဆွဲယူနိုင်လောက်အောင် မကျယ်တဲ့အတွက် နောက်ကို လုံးဝဆွဲလှန်လို့ မရဘဲ တစ်ခုလုံးကို ဖုံးအုပ်တဲ့အနေအထားအတိုင်းပဲ ရှိနေပါတယ်။

    * ပျော့နေချိန်မှာ အရေပြားကို နောက်ကိုဆွဲလှန်လို့ရပါတယ်၊ပြဿ နာ မရှိပါ။
    * တောင့်တင်းနေချိန်မှာ အရေပြားကို ဘယ်လိုမှဆွဲယူလို့မရပါ။ အတင်းဆွဲလျှင် အရေပြားထိပ်ဝက လုံလုံေ လာက်လောက်မကျယ်တဲ့ အတွက် အတင်းဆွဲလျှင် နာပါသည်။
    * ပျော့နေချိန်ဖြစ်ဖြစ် မာနေချိန်ဖြစ်ဖြစ် ဆီးအလွယ်တကူ သွား၍ရပါသည်၊ အနှောင့်အယှက် အဟန့်အတားမရှိပါ။
    * ဒီလို အခြေအနေမျိုးကို phimosis လို့ ခေါ်နိုင်လား၊ မခေါ်နိုင်လား ကိုယ့်ဟာကိုယ် မသေချာပါ။
    * ဒီပြဿ နာ အတွက် circumcision လုပ်ဖို့ လို မလို ကိုယ့်ဟာကိုယ် မဝေခွဲနိုင်ပါ။
    * အသက်နှစ်ဆယ်ကျော်ပါပြီ။ ဒီကိစ္စ အတွက်နဲ့ စိတ်က ထင့်နေတာကြောင့် တစ်ခါမှ လိင်ဆက်ဆံဖူးခြင်း မရှိသေးပါ။ လိင်ဆက်ဆံလို့ ရမှန်း မရမှန်း ကိုယ့်ဟာကို မသေချာ၍ ဖြစ်ပါသည်။

    ကျွန်တော့်ပြဿ နာ အတွက် circumcision လုပ်ဖို့ လိုမလို နှင့် သိသင့်သိထိုက်သည်များကို စေတနာရှေ့ထားပြီး အကြံဉာဏ်များ ပြောပြပေးပါ ဆရာ အတ္တကျော်ခင်ဗျား။

    လေးစားစွာဖြင့်

    • lettwebaw permalink*
      21/06/2015 23:52

      ကျွန်တော်လည်း ဆရာဝန် မဟုတ်တော့ အတိအကျ မပြောနိုင်ပါဘူး။ Phimosis ဆိုတာတော့ သေချာသလောက်ပါပဲ။

      ကုသနည်းကတော့ သုံးနည်း ရှိပါတယ်။ ပထမတစ်နည်းက နေ့စဉ် ချော့ချော့ပြီး ဆွဲယူတဲ့ နည်းပါ။ အချိန်ယူရပါလိမ့်မယ်။ ဒုတိယနည်းကတော့ အရေပြား ပျော့ဆေးကို သုံးပြီး နှစ်လလောက် အချိန်ယူ ဆွဲယူတဲ့ နည်းပါ။ တတိယနည်းကတော့ circumcision လုပ်ဖို့ လိုပါလိမ့်မယ်။

      နားလည်တတ်ကျွမ်းပြီး အတွေ့အကြုံရင့်ကျက်တဲ့ (အသက် ၅၀-၆၀ တန်း) Urologist တစ်ဦးဦးနဲ့ ပြသကြည့်စေချင်ပါတယ်။

      • earthcrawler permalink
        22/06/2015 00:30

        ကျေးဇူးပါဆရာ။ ဆရာ့ရဲ့ အချိန်ပေး ဖြေကြားမှုအတွက် အင်မတန်ကျေးဇူးတင်ရပါတယ်ဆရာခင်ဗျား။ ကျွန်တော် urologist တစ်ယောက်ယောက်နဲ့ ပြကြည့်ပါ့မယ်။

  6. Thiha permalink
    24/06/2015 08:43

    ဆရာခင်​ဗျား.. လိင်​ဆက်ဆံခြင်းမပြုခင်​ ကနဦးထွက်​တဲ့ အရည်​ကြည်​ကေ​န ကိုယ်​ဝန်​ရစေနိုင်ပါလားခင်ဗျ.. မိန်းကလေးအဂါင်္ရဲ့ အ​ပေါက်​ဝကို ဝင်​တယ်​ဆိုယုံ​လောက်​​လေး ​ယောက်ျားအဂါင်္က ဝင်​ပြီး ခဏ​လေးနဲ့ ပြန်​ထုတ်​လိုက်​ပါတယ်​.. သုတ်​ရည်​လည်းမထွက်​​သေးပါဘူး.. အရည်​ကြည်​​လေး​တွေ​တော့ ထွက်​​နေပါတယ်​.. အဲဒါ ကိုယ်​ဝန်​ရနိုင်​​လောက်​လား ဆရာ..
    တားဆေးတွေဘာတွေရော သောက်ခိုင်းထားဖို့လိုအပ်လားဆရာ.. အမှန်ကတော့ မသောက်စေချင်ပါဘူး.. side effect ဖြစ်မှာစိုးလို့ပါ.. ဒါပေမဲ့ မတော်လို့ ဆိုတာမျိုး ဖြစ်လာမှာကိုလည်း စိတ်ပူမိလို့ပါဆရာ.. ​၇၂နာရီ​တော့ မပြည့်​​သေးဘူးဆရာ.. တစ်​ကယ်​လို့ လိုအပ်​တယ်​ဆို ​သောက်​ရမဲ့​ဆေးနဲ့ အညွှန်းကို​ပြောပြ​စေချင်​ပါတယ်​ဆရာ.. တား​ဆေး​သောက်​လိုက်​ရင်​ ရာသီမလာတာတို့ဘာတို့​ရော ဖြစ်​တတ်​လားလည်း သိချင်​ပါတယ်​.. ရာသီမလာခဲ့ရင်​ ကိုယ်​ဝန်​​ကြောင့်​မလာတာလား ​ဆေး​ကြောင့်​မလာတာလားဆိုတာ သိရ​အောင်​ပါ.. ​သောက်​ဖို့မလို​ဘူးဆိုရင်​လည်း မတိုက်​ချင်​ပါဘူးဆရာ..​ ​ကျေးဇူးပြု၍ ပြန်​လည်​​ပြောပြ​ပေးပါဦးဆရာ..

  7. thaè su permalink
    01/07/2015 14:36

    ဆရာ ecee2ပထမတလုံးသောက်ပီး ပျို့ရင်အန်ရင်နောက်တလုံးထပ်သောက်ရတယ်လို့သိရပါတယ် အဲ့ဆို နောက်12နာရီကြာရင်ဆေးထပ်သောက်ဖို့လိုပါတေးသလား

  8. Min Thant permalink
    12/07/2015 10:58

    ကျွန်တော့်ကောင်မလေး နဲ့ ရာသီလာပြီး ၁၀ ရက်ကအတူနေခဲ့ပါတယ် ပြီးတာနဲ့ချက်ခြင်း Amor 2 လုံးတိုက်ခဲ့ပါတယ် အခု၁၂ရက်ရှိနေပြီရာသီမလာသေးလို့ ပါ ကိုယ်ဝန်ရနိုင်လားဖြေကြားပေးပါ လေးစားစွာဖြင့်

  9. 09/10/2015 19:58

    ဆရာရှင့်သမီးချစ်သူနဲ့19.7.2015မှာအတူနေမိပါတယ်သူအပြင်မှာပြီးပါတယ်နေပြီးလကုန်၃၀ရက်မှာသမီးရာသီ၅ရက်လာပါတယ်မလာခင်ရောလာပြီးမှာပါမနေဖြစ်ပါ19ရက်နေ့ပဲနေဖြစ်တာပါနောက်၈လပိုင်းရာသီမလာပါသမီးတို့10.9.2015မှာဆီးစစ်တော့တကြောင်းတည်းပေါ်လို့အတူနေဖြစ်ခဲ့ပါတယ်ဆရာပြီးတော့Ecee2သောက်ခဲ့ပါတယ်နေတဲ့တရက်အတွင်းမှာပဲသောက်တာပါ၃ရက်နေတော့ဘောင်းဘီစွန်းရုံလောက်ပဲသွေးဆင်းတယ်ဆရာသမီး9လပိုင်းကုန်တော့ဆီးစစ်တော့တကြောင်းပဲပေါ်ပါတယ်ဆရာခုလည်းစွန်းရုံလေးပဲသွေးစွန်းတယ်ဆရာသမီးရာသီအရင်လိုမလာလို့စိတ်ညစ်မိပါတယ်ဆရာကိုယ်ဝန်စစ်တော့လည်းမရှိသမီးစိတ်ထဲထင့်နေပါတယ်ဆရာကူညီပါဦးကိုယ်ဝန်ရမှာကြောက်မိပါတယ်

  10. toolsma permalink
    12/03/2016 11:13

    ဆရာsexဆက်ဆံမိပါတယ် သုတ်ဝင်သွားလားတော့သေချာမသိလိုက်ဘူးဆရာ
    စိုးရိမ်လို့ သူ့ကိုecee2တိုက်လို့ရလားဆရာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: