Skip to content

ဂေါ်လီ ထည့်တယ်ဆိုတာ အောက်တန်းစားတွေ လုပ်တာ

24/04/2012

ဆရာရေ… ကျွန်တော် သိချင်တာက လိင်အင်္ဂါမှာ ဂေါ်လီထည့်တာ အန္တရာယ်ရှိပါသလား… ခေါင်းစဉ်တစ်ခုအနေနဲ့ ရေးပေးလို့ ရမလားခင်ဗျား.. ကျွန်တော်တို့ လူငယ်တွေမှာ ခေတ်စားနေလို့ပါခင်ဗျာ…

သည်ကိစ္စက အခုမှ၊ မနေ့တစ်နေ့ကမှ ထပြီး ခေတ်စားလာတာ  မဟုတ်ပါဘူး။ လိင်ကိစ္စမှာ စတင်စိတ်ဝင်စားကြတဲ့အရွယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကျွန်တော်တို့ လူပျိုပေါက်ဘ၀ကတည်းက ဒါကို ကြားဖူးခဲ့ပါတယ်။ နေရတာကလည်း ယောက်ျားလေးတွေချည်း ထားတဲ့ ကျောင်းဆိုတော့ အဲသလို ကိစ္စအပါအ၀င် မဟုတ်တမ်းတရားတွေကိုပဲ ရမ်းသမ်း ပန်းသမ်း ပြောကြတဲ့စကားတွေ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးပါတယ်။ သုတေသီတွေကတော့ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးမှ ပေါ်လာတာလို့ ယူဆကြတယ်။

ပထမဆုံးအချက်

ငယ်ပါမှာ ဂေါ်လီထည့်တယ်ဆိုကတည်းက ရည်ရွယ်ချက်က မကောင်းတော့ပါဘူး။ စိတ်ရင်း မကောင်းဘူးလို့ပဲ အရပ်စကားနဲ့ ပြောနိုင်ပါတယ်။

သဘာဝ မဟုတ်တဲ့နည်းနဲ့ ကိုယ်နဲ့ လိင်ဆက်ဆံသူ မိန်းမသားကို အာရုံနှိုးဆွဖို့ ရည်ရွယ်ချက်နဲ့ ထည့်တာ ဖြစ်ပါတယ်။ တစ်နည်းပြောရင် ဒါဟာ လိမ်လည်တာပါပဲ။ ကိုယ့်မှာ အစွမ်းအစ မရှိတဲ့သူမို့လို့ ပြင်ပ ပစ္စည်း အကူအညီကို ရယူရတာပါ။ အစွမ်းအစ ရှိသူ ယောက်ျားသားသာဆိုရင် အဲဒါတွေ မလိုပါဘူး။ သဘာဝက ပေးထားတဲ့ အရာတွေရဲ့ နဂိုပါ ရှိရင်းစွဲအတိုင်း တစ်ဖက် မိန်းမသား ကိုယ့်ကို ချစ်ခင် စွဲလန်းနေအောင် ဆောင်ရွက်နိုင်ပါမှ ယောက်ျားကောင်းဖြစ်ပါလိမ့်မယ်။

ဒုတိယအချက်

ဂေါ်လီထည့်ပြီဆိုကတည်းက အဲဒီ့ ယောက်ျားဟာ လိင်မှုကိစ္စမှာ ပွေလီတော့မယ်လို့ အတိအလင်း ရည်ရွယ်ထားသူ ဖြစ်ပါတယ်။ သာမန် အိမ်ထောင်သည်တစ်ဦး၊ တွေ့ကရာ မိန်းမနဲ့ မအိပ်လိုသူတစ်ဦးဟာ သူ့ငယ်ပါမှာ ဂေါ်လီထည့်ဖို့ ယောင်လို့တောင် စဉ်းစားမိမှာ မဟုတ်တာလည်း သေချာပါတယ်။

သည်တော့ကာ ငယ်ပါမှာ ဂေါ်လီထည့်တဲ့ ယောက်ျားသားဟာ အိပ်ဖော် တစ်ဦး၊ နှစ်ဦး၊ သုံးဦးမက များမြောင်နေတော့မှာ မြေကြီး လက်ခတ် မလွဲပါဘူး။ သည်အတွက် သူ့မှာ HIV/AIDS အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရလာဖို့ရာခိုင်နှုန်းက မတန်တဆ များလာပါပြီ။ သည် ဂေါ်လီကိစ္စကို အနောက်တိုင်း ဆေးပညာရှင်တွေ သိကုန်တာဟာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါတွေကို လာရောက်ကုသကြရာက အဲဒီ့ ယောက်ျားတွေရဲ့ ငယ်ပါမှာ မူမမှန်တာတွေ တွေ့ရာကနေ စလာတာပါ။

တတိယအချက်

သည်ကိစ္စဟာ အနောက်နိုင်ငံတွေမှာ ခေတ်မစားပါဘူး။ အရှေ့တိုင်းမှာသာ ခေတ်စားတာပါ။ အထူးသဖြင့် အရှေ့ဖျားဒေသနဲ့ အရှေ့တောင် အာရှမှာ ခေတ်စားတာကို တွေ့ရပါတယ်။ ခေတ်စားတယ်ဆိုရာမှာလည်း အကျဉ်းထောင်တွေနဲ့ လူမှုရေး၊ စီးပွားရေး နိမ့်ကျသူများကြားမှာ ခေတ်စားတာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဆင်းရဲနွမ်းပါးသူတွေ၊ ပညာမဲ့သူတွေ၊ ရာဇ၀တ်သားတွေကြားမှာ ခေတ်စားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သည်ကိစ္စအတွက် ခေါင်းစဉ်ကို “အောက်တန်းစားတွေ လုပ်တာ”လို့ တမင် ရေးလိုက်တာ ဖြစ်ပါတယ်။

ဆင်ခြင်ဉာဏ်ရှိသူတွေ မလုပ်ကြပါဘူး။ ဘ၀မှာ အောင်မြင် တင့်တယ်နေသူတွေ မလုပ်ကြပါဘူး။ ပြစ်မှု ကျူးလွန်လေ့ မရှိသူတွေ မလုပ်ကြပါဘူး။

စတုတ္ထအချက်

ဒါကို အများဆုံး လုပ်ကြတာက ထိုင်းနိုင်ငံမှာ ဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ ထိုင်းက တစ်ကမ္ဘာလုံးမှာ ပြည့်တန်ဆာလည်း အပေါများဆုံး နိုင်ငံဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်ယူလို့ ရပါတယ်။ ဒါဟာလည်း ဒုတိယအချက်နဲ့ ဆက်စပ်နေသလို တတိယအချက်ပါ ထိုင်းက တောနေ လူတန်းစားနဲ့ လူမှု၊ စီးပွားရေး အခြေအနေ နိမ့်ကျသူများကြားမှာ တွေ့ရတာလည်း သေချာပါတယ်။

သည့်ထက်အရေးကြီးတာကတော့ ဒါတွေကို နားလည်တတ်ကျွမ်းသူ ဆရာဝန်/သူနာပြုတွေက ဆောင်ရွက်ပေးတာ မဟုတ်ဘဲ ကိုယ့်ဘာသာဖြစ်စေ၊ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမှ နားလည်သိရှိမှု မရှိသူ သူငယ်ချင်း မိတ်ဆွေကဖြစ်စေ လုပ်ဆောင်ပေးကြတာက များပါတယ်။ သည်အတွက် ပြဿနာ ရှိနိုင်ပါတယ်။

သည်ပြဿနာတွေထဲမှာ ထည့်ရင်း ပြုရင်းက ပိုးဝင်တာဖြစ်နိုင်သလို ထည့်ပြီးတဲ့နောက်မှလည်း အဲဒီ့ ဂေါ်လီက ဆီးလမ်းကြောင်းထဲကို ရောက်သွားလို့ ပြဿနာတွေ တက်ကုန်ရတဲ့ အမှုလည်း ရှိဖူးပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ထပ်တွေ့ထားတာ တစ်ခုက အဲဒါလုပ်ခြင်းနဲ့ ငယ်ပါ ကင်ဆာတို့ အဆက်အစပ် ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

နိဂုံး

သည်ကိစ္စအပါအ၀င် ဘ၀မှာ ဘာကိုပဲ လုပ်မယ်လို့ စိတ်ကူး စိတ်ကူး (၁) ဘာအတွက် လုပ်မှာလဲ (၂) လုပ်လိုက်ရင် ဘာအကျိုးကျေးဇူးတွေ ခံစားရမှာလဲ (၃) လုပ်လိုက်ရင် ဘာဆိုးကျိုးတွေ ဖြစ်လာမှာလဲ (၄) အဲဒါကို လုပ်လိုက်တဲ့အတွက် နောင် ၅ နှစ် / ၁၀ နှစ် / နှစ် ၂၀ / နှစ် ၃၀ အကြာ ကာလတွေမှာ ကိုယ် ဘာတွေ ဖြစ်နေမှာလဲ ဆိုတာကို ဦးစွာ စဉ်းစားသင့်ပါတယ်။

အခု လူငယ်ဘ၀မှာ ဒါကို လုပ်လိုက်ပြီဆိုပါတော့။ အခု ကျွန်တော် ရေးလိုက်တဲ့ စာကိုလည်း မိန်းကလေး၊ ယောက်ျားလေးအပါအ၀င် လူအတော်များများက သိနေပြီ ဆိုပါတော့။ ကိုယ် တကယ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးလို့ လက်ထပ်လိုက်တဲ့ အိမ်ထောင်ဖက် အမျိုးသမီးက ကိုယ့်ဆီမှာ ဂေါ်လီရှိနေမှန်း သိသွားချိန်မှာ သူဟာ ကိုယ့်ကို အောက်တန်းစားမှန်း၊ လိင်မှုကိစ္စမှာ မတရား ပွေလီသူမှန်း ရိပ်မိသွားပါတော့မယ်။ သည်အခါမှာ သူက ကိုယ့်ကို စာနာထောက်ထားတတ်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူသားတစ်ယောက်အဖြစ် လေးလေးစားစား ဆက်ဆံနိုင်ပါဦးတော့မလားဆိုတာ စဉ်းစားသင့်ပါတယ်။

ပြောသင့်တဲ့ စကားကို ပြောလိုက်ပါပြီ။ ကျန်တာကတော့ ကိုယ်တော်တို့ သဘောတော်မြတ်အတိုင်းပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(ရန်ုကုန် – ၂၄၀၄၁၂)

ရည်ညွှန်း

  1. http://www.ncbi.nlm.nih.gov/pmc/articles/PMC1011913/
  2. http://www.ncbi.nlm.nih.gov/pubmed/20102449
43 Comments leave one →
  1. မီးငယ် permalink
    29/04/2012 00:16

    ပိုးစိုးပက်စက်ကို ကောင်းတဲ့ ပို့စ်လေး ပါ ဆရာ။အရမ်းကို လေးစားပါတယ်။ကျေးဇူးတင်ပါတယ် ဆရာ။ ကျန်းမာပါစေ……………………………………………………

    • mgmg permalink
      22/06/2012 13:49

      တော်တော်မှကြိုက်နေ ဖြစ်ဖူးလို့ နေမှာဟုတ်လား သူငယ်ချင်း

    • Kyaw zin permalink
      17/08/2013 11:04

      သယ်ချင်းနင်ဒီလိုပြောရအောင်ယျော်းရှိလို့လား

      • Kyaw zin permalink
        17/08/2013 11:08

        ကျွန်တော်ကတော့ကြက်ဥဘဲသောက်တယ်…ဟဲဟဲ

      • 02/02/2015 19:49

        ရှိတာပေါ့

  2. myo min permalink
    30/04/2012 16:06

    ဆရာနဲ့ထပ်တူသဘောတူ ခံစားမိပါတယ် ခင်ဗျာ။ဆရာပြောခဲ့တဲ့ အချက်တော်တော်များများကတော့ ခုမှသိတာပါ။အဲဒီအတွက်ကျေးဇူးပါ ခင်ဗျာ။

  3. မျိုးစည်သူ permalink
    30/04/2012 22:30

    ဆရာရေးသားတဲ့ထဲမှာ အန္တရာယ်ရှိတယ်၊ အောက်တန်းကျတယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့် တချို့ပြောနေတာ ဂေါ်လီထည့်ထားရင် အမျိုးသမီးတွေအနေနဲ့ ဆက်ဆံမှုပိုကောင်းတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။ အဲဒါဟုတ် မဟုတ်ဆိုတာ သိရင် ပြောပေးကြပါ။

    • lettwebaw permalink*
      01/05/2012 00:28

      ယောက်ျားအတော်များများက ကိုယ်နဲ့ ဆက်ဆံနေတဲ့ မိန်းမ မချိမဆန့်ဖြစ်နေရင် ကောင်းနေတယ်လို့ ထင်တတ်ကြတယ်။ ဖြစ်လည်း ဖြစ်တတ်တာကိုး။ ဒါပေမယ့် နာကျင်တဲ့အခါမှာလည်း မချိမဆန့် ဖြစ်တတ်ပါတယ်။ ဂေါ်လီဟာ သဘာဝမဟုတ်တဲ့အတွက် အတွင်းသားနံရံတွေကို ကသိကအောင့်ဖြစ်စေမှာ သေချာပါတယ်။ မေးထားတဲ့ မေးခွန်းကို အရှင်းဆုံး သိချင်ရင်တော့ မိမိရဲ့ ခံစားရအလွယ်ဆုံး နေရာတစ်နေရာရာ၊ ဥပမာ ခါးတို့၊ ချိုင်းကြားတို့၊ ပေါင်ကြားတို့မှာ ဂေါ်လီလုံး သေးသေးလေး တစ်လုံးနှစ်လုံး မြှုပ်ထားတဲ့ တုတ်လို အရာတစ်ခုခုနဲ့ ဖိပွတ်ကြည့်လိုက်ပါ။ အဲဒါဆို ကိုယ်ချင်းစာတတ်သွားပါလိမ့်မယ်။ ပိုကောင်းတယ်လို့ ပြောတာဟာ ယုံတမ်းစကားပါခင်ဗျား။

  4. သိချင်သူ permalink
    01/05/2012 09:12

    ဂေါ်လီဆိုတာ ဘယ်လိုဟာမျိုးလဲဗျ….မသိလို့ပြောပြပါဦး

    • lettwebaw permalink*
      01/05/2012 10:11

      ကလေးတွေဆော့တဲ့ ဘောလုံးလို လုံးလုံးဝိုင်းဝိုင်း အရာလေးတွေကို ခေါ်တာပါဗျာ😀

  5. လူဆိုးလေး permalink
    12/05/2012 14:39

    ဟားဟား တော်တော် ကြီးတာပဲနော်

    • 12/08/2012 12:29

      အဲလောက်ကြီးမကြီး ပါဘူးဗျာ သေးသေးလေးဖြစ်အောင်ပြန်လုံး(သွေး)ထားတာပါ လက်သန်းလက်သည်းခံလောက်တော့ရှိမယ်ထင်ပ ။ တချို့ က အထောင့်တွေလဲသုံးတယ် အထောင့်က ပိုကောင်းတယ်လို့ ပြောကြပြန်ပြန်တယ် ၊ တစ်ချို့ က အလုံး တဲ့ ဟီးး ကြားဖူးမြင်ဖူးတာပြောတာနော် …. ဟီးး

  6. Bart permalink
    22/05/2012 02:06

    One sick post😀 respect sayar ATK😀

  7. သိချင်သူ permalink
    24/05/2012 13:52

    အဲဒီ့ ဘောလုံးလို လုံးလုံးဝိုင်းဝိုင်းလေးကို ဘယ်လိုလုပ်အချောင်းထဲကိုထည့်တာလဲ…..မသိလို့ရှင်းပြပေးပါနော်

    • 12/08/2012 12:15

      ဓါးနဲ့ ခွဲပြီး ပြီးထည့်တာ ဇွန်းနဲ့ ဖောက်ပြီး ထိုးပြီးထည့်တာ ၊ သွားပွတ်တံ အချွန်နဲ့ ဖောက်ပြီးထိုးထည့်တာ ၊ ကြေး ချောင်းအချွန်နဲ့ ဖောက်ပြီးထိုးထည့်တာ…. လိင်တံ ရဲ့ အကြော နဲ့ အရေပြားကြားထဲမှာထည့်တာ .၁ ပတ်တိတိ ရေမထိရဘူး ၊ ဆရာ့ကို အဖြေကျပ်အောင်မမေးစမ်းပါနဲ့  မေးချင်ရင် အနော့ဆိုဒ်ထဲလာပြီးမေးပါ ။ ဆရာ့ကိုယ်စား သိသလောက်ဖြေပေးပါ့မယ်…

      • lettwebaw permalink*
        12/08/2012 13:50

        ကျေးဇူးတင်ပါတယ် ဆရာနတ်သားလေးခင်ဗျာ။ ဒါပေမယ့် တစ်ဖက်ကလည်း ကျေးဇူးမတင်လှဘူး ခင်ဗျ။ အင်္ဂလိပ်လိုတော့ Thank you, but no thank you. ပေါ့။ လူ့ရဲ့ ကိုယ်ခန္ဓာ ဘယ်အစိတ်အပိုင်းမှာ မဆို ပြင်ပပစ္စည်း (foreign object) တစ်ခုခု ထည့်သွင်းခြင်းဟာ ကျွမ်းကျင်သူ ဆရာဝန်များကသာ လိုအပ်လွန်းလို့ မလွှဲမရှောင်သာ လုပ်ပေးရတာမျိုး ဖြစ်ပါတယ်။ ငါကွဆိုပြီး မထော်မနန်း အစွမ်း ပြချင်ဇောကို ရှေ့တန်းတင်ပြီး အရပ်သားတွေ မလိုအပ်ဘဲ ကိုယ့်အတွက် အန္တရာယ်များလှတဲ့ သည်လိုလုပ်ရပ်မျိုးကို အားပေး အားမြှောက်ပြုရာရောက်တဲ့ ကွန်မန့်တွေကို ကျွန်တော် သဘောမတူပါဘူး။ ဒါ့ကြောင့် နောက်ပိုင်း ဒါမျိုးတွေပဲ ဆက်ရေးလာမယ်ဆိုရင်တော့ moderate လုပ်တော့မှာ မဟုတ်တဲ့အကြောင်း အားနာနာနဲ့ ပြန်ကြားပါရစေ ဆရာ နတ်သားလေးခင်ဗျား။

  8. linn permalink
    27/05/2012 13:50

    ဖန်ဒိုးအသေးထက် နည်းနည်တော့ သေးတယ် အဲ့ အလုံးလေးက..ဘယ်လို ထည့် တာလဲဆိုတော့  လက်ဖ္ဘက်ရည်ဇွန်းကို ပါ့းပါးလေးဖြစ်အောင်သွေး၊ သွေးပြီးရင် ဇွန်းဖင်မှာ ဂေါ်လီလုံးလေးတင်… ပြီးရင် ကိုယ်ထည့် ချင်တဲ့ နေရာကို ပွတ်ပြီတော့  ထိုးလိုက်ရင် ပြီးသွားပြီ……… ရှင်းတယ်နော်

  9. min permalink
    17/06/2012 12:08

    ဟုတ်တယ် ဆရာ
    ကျွန်တော်တို့ ခဏခဏတွေ့ရတယ် တချို့ဆို silicon တွေထိုးထည့်ထားတား ပြီးတော့foreign bodyပဲ ဒုက္ခပေးပြီလေ ပြန်ခွဲပစ်ရတာ နဂိုရှိတာလေးတာင် ပုံစံပျက် သွားတယ် ဘယ်သူအတွက် ကိုယ့်ကိုယ် ဒုက္ခခံ
    လဲ မသိပါဘူးဆရာ ရယ်

  10. May Oo permalink
    16/07/2012 10:32

    ခါတနာလုပ်ပီး-ဖြတ်ထားတဲ့အေ၇ဖျားကိုပြန်လိပ်တင်တဲ့အခါမှာ-ဆီလီကွန်ထိုးပေးလိုက်၇င်-ခါတနာ-အမာ၇ွတ်က-ပိုကြီးသွားပီး-ကုလားလိုရှင်ပြုထားတာ-ကာကားလေးဖြစ်အောင်လုပ်ပေးတာကေ၇ာ-???

  11. Waiyan permalink
    21/07/2012 19:00

    HIV + ဖြစ်နေပြီဆိုတာအမြန်ဆုံးဘယ်လိုသိနိုင်မလဲခင်ဗျာ

    • lettwebaw permalink*
      22/07/2012 11:14

      HIV ပိုး ရှိနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင် ကြုံတွေ့ရပြီးတဲ့နောက် သုံးလကျော် အကြာမှာ သွေးစစ်ကြည့်ပြီးမှသာ သိရနိုင်ပါတယ်။

  12. တင်ထူး permalink
    19/10/2012 00:46

    လေးစားပါသည်
    ထိုကဲ့သို့ပြုလုပ်ထားသည်ကို ဂုဏ်ယူသူတစ်ဦးအား ဖတ်ပြရန် book mark ယူထားပါသည်
    ကျေးဇူးတင်ပါသည်
    ကျန်းမာသက်ရှည်စွာဖြင့် ပညာဖြန့်ဝေနိုင်ပါစေ

  13. ကိုကို permalink
    08/12/2012 10:40

    သဘာဝ ရှိရင်းစွဲတရားကို ကျော်ပီးလုပ်ချင်နေတာကိုက စိတ်မူမမှန်မှုတစ်ခုခုလို့ ထင်ပါတယ် ထမင်းမလွတ်လို့ ရူးတယ်ပြောမရတာလေးတစခုပါပဲ

  14. minunt permalink
    23/12/2012 19:43

    တခါတလေပဲကောင်းပါတယ်၊ (၂ ယောက်လုံးအတွက်) လင်နဲ့မယားဆက်ဆံရေးမှာ ကြာလာတာနဲ့အမျှ ၂ ယောက်လုံးနာကျင်ခံစားရမှာပါ။

  15. 15/01/2013 21:27

    မိုက်ပါတယ်

  16. moewai permalink
    05/02/2013 19:08

    လေးစားစရာပဲ..

  17. မသိသောသူ permalink
    16/03/2013 02:48

    ဆရာ စာပို့ထားတာရလား မသိဘူးဗျ။connetion ကြောင့်မရမှာဆိုးလို့ပါ

    • lettwebaw permalink*
      20/03/2013 02:57

      ရပါတယ်။ ကိုးနတ်ရှင်ကတော့ ဆိုးလွန်းပါတယ်။ ကျွန်တော်လည်း လောလောဆယ် အတော် အလုပ်များနေပါတယ်။

  18. အချစ်ရှာသူ permalink
    31/03/2013 09:35

    လေးစားရပါသော ဆရာခင်ဗျား
    ကျနော် မေးစရာလေးတစ်ခုရှိလို့ နားနှင့်မနာ ဖဝါးနှင့်ပါခင်ဗျား
    ကျနော်ဟာ စိတ်သာကပြင်းပြပြီးတော့ လက်တွေ့မလုပ်ဖူးသေးတဲ့သူပါခင်ဗျာ.
    အဲဒါကြောင့်ကျနော်ဟာ လက်နဲ့ဖြေဖျောက်တာများပါတယ်ခင်ဗျာ အဲဒါကြောင့်လား
    မသိပါဘူး ကျနော်လိင့်တံဟာ နည်းနည်းဘေးကိုကိုင်းနေပါတယ်ခင်ဗျား အဲဒါကို
    ဘယ်လိုလုပ်ရမှာပါလဲခင်ဗျာ။ြ့ပီးတော့ လက်နဲ့ဖြေဖျောက်တာဟာ မိန်းမရတဲ့အခါမှာ
    ဆိုးကျိုးတွေကိုဖြစ်စေနိုင်ပါသလားခင်ဗျား၊ မိန်းမတစ်ယောက်ကို ဆက်ဆံခါနီးနှင့် ဆက်ဆံ
    ပြီးတဲ့အချိန်တွေမှာ မဖြစ်မနေလိုက်နာရမဲ့ အချက်တွေရှိရင် လမ်းညွှန်ပေးပါလားခင်ဗျား၊
    ကျနော်တို့လို လူပျိုတွေပေါက်တွေ အနေနဲ့ကော လိင်ပိုင်ဆိုင်ရာနဲ့ ပတ်သက်လို့ ဘယ်လို
    ဟာတွေကို အဓိထားလိုက်နာသင့်ပါသလဲခင်ဗျား၊ လူငယ်တွေ အကျိုးများအောင်
    ကရုဏာထားပြီးဖြေပေးပါလားဆရာခင်ဗျား….။

    • lettwebaw permalink*
      20/04/2013 00:50

      ဖတ် ဖတ် ဖတ်

  19. Aye chan naing permalink
    24/04/2013 06:40

    အခုလိုရှင်းပြတဲ့ကျေးဇူးပါ

  20. 18/06/2013 08:58

    dragon part kya taw ballo lote tar lal sayar

  21. ဝက်ကလေး permalink
    22/06/2013 08:33

    အရမ်းကောင်းပါတယ်

  22. black bird permalink
    26/08/2013 22:26

    ဂေါလီထည်တာ တစ်ကယ်အဓိပ္ပါယ် မရှိတာပါ။
    ဒါပေမယ့် ကြီးဆေးထိုးတာမှာ ပြသ၁နာ ရှိမရှိတော့ သိချင်ပါတ
    ယ်။တချို့အမျိုးသမီးတွေကကြီးမှ ကြိုက်တာလို့ ပြောတာ
    တခါမက ကြားဖူးလို့ပ
    အဲဒါ အန္ဒရယ် ရှိပါသလား သိပါရစေ ခင်မျာ။

    • lettwebaw permalink*
      01/09/2013 00:46

      ဖတ် ဖတ် ဖတ်… သည်ထဲမှာ ဒါတွေ ရေးပြီးသားပါ။ ရှာဖတ်လိုက်ပါ။

  23. ဇေရဲ permalink
    10/09/2013 09:53

    မှန်ပါတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသူ sexကိစ္စကို လိုက်စားသူတွေမှသာ ဒါမျိုးလုပ်ကြမှာပါ။

  24. Saiyan Naing permalink
    02/07/2014 23:55

    အနူးအညွှန့်တောင်းပန်ပါတယ်
    ကျွန်တော်မှားသွားပြီ
    ရှက်မိပါတယ်
    အလို လိုက်မိလိုက်တာ

    ကူညီမိတာမှားပြီဗျာ
    အကူအညီပေးလိုက်မိတဲ့ သူက
    အောက်တန်းစားဆိုတာအခုမှသိရတယ်

    ATT
    ANTIBIOTIC 3 Time
    သုံးပြီး
    ကူညီမိတယ်

    ဆရာဝန်တစ်ယောက်အနေနဲ့
    ရှက်မိပါတယ်

    ကျွန်တော်မှားခဲ့မိတယ်ဆိုတာ
    ဝန်ခံပါတယ်

    ဆရာ ကျွန်တော်ကို
    လမ်းပြပေးပါ

    • lettwebaw permalink*
      08/07/2014 11:50

      လူဆိုတာ မှားတတ်သူချည်းပါပဲ။ အမှားအပေါ်မှာ သင်ခန်းစာယူလိုက်ရင်းနဲ့ ဘဝကို ဆက်လက်ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်ဗျာ။

  25. Saiyan Naing permalink
    03/07/2014 00:03

    ဒီဆိုဒ် လေးကို
    ဝင်ကြည့်မိတာ
    မကြာသေးပါဘူး
    မိနစ် ၂၀ လောက်သာရှိပါသေးတယ်

    ဆုံးမပေးပါ ဆရာ

    လေးစားစွာဖြင့်
    စိုင်းရန်နိုင်

  26. pyai permalink
    25/08/2014 22:27

    အခုလိုရှင်းပြတာ​ကျေးဇူးတင်​ပါတယ်

  27. Jinx Love permalink
    19/07/2015 10:46

    ဆရာကိုတခုလောက်မေးချင်ပါတယ်
    ကိုယ့်ဟာကို အသာဖြေတဲ့အခါမှာ သုတ်ကိုအပြင်မထုတ်ဘဲ အထဲမှာပြီးသွားမယ်ဆိုရင် ဆိုးကျိုးရှိပါလား
    ကျေးဇူးပြု၍ ဖြေပေးပါဆရာ သိချင်လို့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: