အပြင်မှာ ကိစ္စပြီးရင် ကိုယ်ဝန် ရှိနိုင်သေးရဲ့လား
ဆရာ ဆူဒိုနင်ရှင့်…
သမီး သိလိုသည့် အချက်အလက်များကို အနည်းငယ် မေးမြန်းလိုပါသည်ရှင့်…
သမီးက အိမ်ထောင်ကျပြီးသူတစ်ယောက် ဖြစ်ပါတယ်။ အိမ်ထောင်သက်ကတော့ ခြောက်လပြည့်ပါတော့မယ်။ ပွင့်ပွင့်လင်းလင်း မေးရမယ်ဆိုရင် ယောက်ျားနဲ့ မိန်းမ ဆက်ဆံကြတဲ့အခါမှာ ယောက်ျားလေးက သူ့ကိစ္စ ပြီးတဲ့အခါ အပြင်မှာ ပြီးတယ်ပဲ ဆိုပါတော့။ အဲ့လို ဆိုလို့ ရှိရင် မိန်းကလေးမှာ ကိုယ်ဝန် မရှိနိုင်ဘူးလို့ မှတ်သားခဲ့ဖူးပါတယ်။ တကယ်လည်း သမီးတို့ လင်မယား အဲ့လိုပဲ နေထိုင်ပါတယ်။ (သမီးက ဆေးသောက်ရမှာ ကြောက်လို့ပါ။) ဒါပေမယ့် တစ်ကြိမ်ကို တစ်ခါပဲ ဆက်ဆံတာပါ။ (ပြောရမယ် ဆိုရင်တော့ တစ်ရက်ကို တစ်ကြိမ်၊ တစ်ကြိမ်ကို တစ်ခါပဲလို့ ဆိုလိုတာပါရှင့်။)
အဲ့ဒီလို နားလည်ခဲ့ရာမှ သည်နေ့မှ လူကြီးများ ပြောပြချက်အရ သိခဲ့ရတာကတော့ မိန်းမတွေဟာ ယောက်ျားလေးတွေဆီက သူတို့ ဆန္ဒ ပြီးမြောက်တဲ့ အချိန်မှာ ထွက်တဲ့ အရည်တစ်ခုထဲနဲ့တင် ကိုယ်ဝန် ရှိနိုင်တာ မဟုတ်ဘဲနဲ့ အစပိုင်းထွက်တဲ့ အရည်ကြည်မှာလည်း သုတ်ပိုးဟာ ပါလာနိုင်တတ်တယ်ဆိုပြီး အတိအကျ ပြောနေကြတယ် ဆရာရယ်။ သမီးလည်း တစ်ခါမှ မကြားဖူးဘူး။ သူတို့ကတော့ အဲ့လိုမျိုး အပြင်မှာ ပြီးတယ် ပြီးတယ်ဆိုပြီး စိတ်ချလက်ချမနေနဲ့လို့ပြောတယ်။ ကွန်ဒုံးကိုပဲ သုံးတဲ့။
သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ… 😛
ကျေးဇူးပြု၍ သမီး စာလေးကို အမြန်ဆုံး ဖြေကြားပေးပါရန် တောင်းဆိုပါတယ်ရှင့်… (ပြီးတော့ သမီးမေးတဲ့စာကို ဆရာ့ရဲ့ Blog တွေမှာ တင်ခဲ့မယ်ဆိုရင်လည်း သမီးရဲ့ FB နာမည်ကြီးတော့ မထည့်နဲ့နော်… ဟဲဟဲ :D)
ကျေးဇူးတင်စွာ
မတရုတ်မ
ယောက်ျားဖြစ်ရတဲ့ ဒုက္ခတကာအနက်မှာ အဲဒါက အဓိက ဒုက္ခပဲ ထင်ပါရဲ့ဗျာ။ ဟုတ်ပါ့။ ကျွန်တော်လည်း အိမ်ထောင်သက် နုစဉ်တုန်းက ခံစားဖူးပါတယ်။ ကိုယ်ကလည်း ဒါမျိုးဆို သိပ်နေနိုင်တာမဟုတ်၊ ကိုယ်ဝန် ရှိသွားမှာလည်း ပူရ၊ ကိုယ်ချစ်လို့ ယူထားတဲ့ ဇနီးမယားကိုလည်း ဆေးတွေ ၀ါးတွေ မသုံးစေချင်နဲ့၊ အတော့်ကို ဗျာများလှပါတယ်။
ထားပါတော့လေ… မေးထားတဲ့ မေးခွန်းကို ဖြေရရင်တော့ အမျိုးသားတွေရဲ့ သုက်ရည်မဟုတ်ဘဲ ပထမပိုင်းထွက်တဲ့ ကနဦးအရည်ကြည်မှာ သုက်ပိုးတွေ ပါရှိနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ရှိပါတယ်။ ဒါပေမယ့် သိပ်မကျယ်ပြန့်လှတဲ့ သုတေသနငယ်လေးတချို့အရဆိုရင်တော့ အဲဒီ့အရည်ကြည်ထဲမှာ သုက်ပိုး ပါရှိတာကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ကျယ်ပြန့်တဲ့၊ တစ်နည်းပြောရင် ခိုင်မာတဲ့ သုတေသန မရှိပေမယ့် ပညာရှင်အများအပြား ယုံကြည်ထားတာကတော့ ယခင် သုက်ထွက်ချိန်က ကျန်ရစ်ခဲ့တဲ့ သုက်ပိုးတွေဟာ ကနဦး အရည်ကြည်ထဲမှာ ပါဝင်သွားရာက ကနဦးအရည်မှာ သုက်ပိုးပါတယ်ဆိုတဲ့ အယူအဆ တစ်ရပ် ဖြစ်ပေါ်လာတယ်လို့ပါပဲ။ ဆိုလိုတာက ကနဦး အရည်ကြည်မှာ သုက်ပိုး ပါချင်လည်း ပါနိုင်ပါတယ်ပေါ့။ အဲသလို မဖြစ်အောင် ကာကွယ်ချင်ရင်တော့ ကိစ္စပြီးတဲ့နောက် နောက်တစ်ကြိမ် စခန်းမသွားခင် (၀ါ) နောက်တစ်ကြိမ် ကိစ္စမပြီးခင် စပ်ကြားကာလမှာ ဆီးသွားလိုက်ခြင်းအားဖြင့် ဆီးလမ်းကြောင်းတစ်လျှောက်မှာ မတော်တဆ ကျန်ရစ်ခဲ့လေမယ့် သုက်ပိုးများကို ရှင်းထုတ်ပစ်လိုက်နိုင်ပါတယ်။
နောက်တစ်ချက်က သည်နည်းရဲ့ စိတ်ချရမှု အတိုင်းအဆပါ။ လေ့လာချက်များအရ ကိန်းဂဏန်းနဲ့ ပြောမယ်ဆိုရင် အမျိုးသားက အပြင်မှာ ကိစ္စပြီးတဲ့ နည်းဟာ တစ်နှစ်မှာ ၁၅ ရာခိုင်နှုန်းကနေ ၂၈ ရာခိုင်နှုန်းအထိ မအောင်မြင်ပါဘူးတဲ့။ ဆိုလိုတာက သည်နည်းကို သုံးလျက်နဲ့ ကိုယ်ဝန်ရှိသွားသူ အမျိုးသမီးက နှစ်စဉ် အမျိုးသမီး တစ်ရာမှာ ၁၅ ယောက်ကနေ ၂၈ ယောက်အထိ ဖြစ်နိုင်ပါသတဲ့။ ဆေးသုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ရှိသွားသူက တစ်နှစ်ကို တစ်ရာမှာ နှစ်ယောက်မှ ရှစ်ယောက်အထိသာ ရှိနိုင်တယ်ဆိုပဲ။ အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်ထဲကို တည့်သွင်းသုံးစွဲရတဲ့ ကိရိယာကို သုံးစွဲမယ်ဆိုရင်တော့ စိတ်အချရဆုံးဖြစ်ပါတယ်။ အဲဒါက တစ်နှစ်ကို တစ်ထောင်မှာမှ ရှစ်ယောက်မျှသာ ကိုယ်ဝန်ရှိစေနိုင်တယ်လို့ ဆိုတာကိုး။ ကွန်ဒုံးကိုလည်း စိတ်ချရတယ်လို့တော့ ဆိုမထားဘူးခင်ဗျ။ ကွန်ဒုံး မှန်မှန် သုံးပါလျက်နဲ့ ကိုယ်ဝန်ရှိသွားသူတွေကလည်း တစ်နှစ်ကို တစ်ရာမှာ ၁၀ ယောက်မှ ၁၈ ယောက်လောက် အထိ ရှိတယ်လို့ လေ့လာချက်တွေက ပြောနေပြန်တာကိုး။
အပြင်မှာ ကိစ္စပြီးတဲ့နည်းမှာ စိတ်မချရပုံက အဲဒီ့ ကနဦး အရည်ကြည်ထက် စခန်းသွားနေချိန်မှာ အမျိုးသားကိုယ်တိုင် သတိမထားမိလိုက်ဘဲ သုက်ရည် အနည်းအပါး ထွက်သွားတတ်တာမျိုးကြောင့်ပါပဲ။ အဲဒါကို အမျိုးသားကိုယ်တိုင်တောင် သတိမထားလိုက်ဘူးဆိုမှတော့ အမျိုးသမီးက သတိထားမိဖို့ သာတောင် ခဲယဉ်းသေးတာပေါ့။ အဲလိုနဲ့ပဲ ကိုယ်ဝန်ရှိကုန်တဲ့ အမျိုးသမီးတွေ သည်လောကမှာ မနည်းပါဘူး။
အဲတော့ ကျွန်တော့်ကို မေးလာသူ “မတရုတ်မ” အနေနဲ့က ဆရာဝန်နဲ့ တိုင်ပင်ပြီး အိုင်ယူဒီထည့်တာမျိုးကို လုပ်လိုက်မယ်ဆိုရင် ယောက်ျားကလည်း သူ့ကို ကွာသွားမှာ မဟုတ်သလို စိတ်မချ လက်မချ စခန်းသွားနေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး။ နောက်အားသာချက်တစ်ခုက အိုင်ယူဒီက သောက်ဆေးလိုမျိုး မဟုတ်တာကြောင့် မတရုတ်မ မသောက်ချင်တဲ့ ဆေးလည်း သောက်စရာ မလိုဘူး။ ကလေးလိုချင်တဲ့အခါကျရင်လည်း အလွယ်တကူ ဖယ်ရှားလိုက်ပြီး ချက်ချင်း ကလေး ယူလို့ ရနိုင်တာမျိုးမို့ သည်နည်းကို အကြံပြုလိုက်ချင်ပါတယ်။
အရေးကြီးလှတဲ့ အချက်ကတော့ အမျိုးသားက အပြင်မှာ ကိစ္စပြီးခြင်းအားဖြင့် HIV အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ရောဂါများကို ကာကွယ်ပေးနိုင်စွမ်း လုံးဝ မရှိဘူးဆိုတာပါပဲ။
ကျမ်းကိုး – http://en.wikipedia.org/wiki/Coitus_interruptus
အပြင်မှာပြီးချင်းဟာလုံးဝကိုကိုယ်ဝန်ရှိနိုင်တာပါ
ကျန်တော် ကိုယ်တွေ့
တစ်ညကျန်တော်အိမ်နေတုန်းအိပ်ချင်မှုးတူး ယောင်သလိုနဲ့
ကျန်တော့်မိန်းမကို သွားဆက်ဆံမိပါတယ်
တစ်ကယ်ကို သုံးလေးချက်ပါပဲ ဇာတ်သိမ်းလည်းရောက်ပါဘူး
ဒါပေမယ့် ကိုယ်ဝန်ကပ်သွားတယ်ဗျာ
ကျန်တဲ့အချိန်တွေက comdon ကိုစနစ်တကျသုံးတာပါ
Same here bro. Better use condom. Try to enjoy early marriage without a baby.
Life is very much difference after getting a baby.
Take care.
သမီးလည်း တော်တော် စိတ်ညစ်သွားတယ်။ အစထဲက တစ်ရက်ကို တစ်ခါပဲ ဆက်ဆံခိုင်းနေလို့ အမျိုးသားက ငြိုငြင်ချင်ရတဲ့ကြားထဲ၊ ကွန်ဒုံးနဲ့ပါ ဆက်ဆံရမယ် ဆိုရင်တော့ သမီးကို ကွာမှာ ကျိန်းသေတယ်.. ဟီဟိ… 😛
တရက်တခါဆက်ဆံတယ်ဆိုတော့တော်တော်ဆက်ဆံတိုင်တာပဲဗျ .. .ကျနော်တို.ဆို တပတ်များအများဆုံး၂ကြိမ်လောက်ပံဆက်ဆံဖြစ်ပါတယ်..အဲဒါနော်မယ် ပဲလားဆရာရေ
အဲဗျ… တစ်ရက်တစ်ခါက ငယ်တဲ့ရွယ်တဲ့ ကာလ၊ အသက် ၂၀ နဲ့ ၄၀ ကြားလောက်မှာ အေးဆေးပါ။ တချို့တွေအတွက်ဆို နည်းတောင် နည်းပါသေးတယ်။ ကျွန်တော့် အသက် ၄၃ နှစ်လောက်မှာ တစ်ရက်ကို သုံးကြိမ်လောက်အထိတောင် နေ့စဉ်ရက်ဆက် ကဲခဲ့ဖူးသေးသဗျ။ တစ်ပတ် နှစ်ကြိမ်၊ သုံးကြိမ်ဆိုတာကတော့ အိမ်ထောင်သည် အမျိုးသမီးတွေ လက်ခံနိုင်တဲ့ နှုန်းထားပါ။ စိတ်ရော ကိုယ်ပါ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေအတွက်ကတော့ နေ့တိုင်း သည်စိတ် ရှိနေနိုင်ပါတယ်။ ကိုယ်တင်မက စိတ်လည်း ကျန်းမာဖို့တော့ လိုတယ်နော်။ ဆိုလိုတာက အပူအပင်ကင်းနေသူဆိုရင် သည်စိတ်မျိုးက အခါခပ်သိမ်း ရှိနေတတ်ပါတယ်။ စိတ်အားရင်ပေါ့ဗျာ။ တစ်ပတ်နှစ်ကြိမ်ပဲ ကိုယ်ကိုယ်တိုင်ကလည်း လိုလားတယ်၊ အသက်ကလည်း ၂၀ နဲ့ ၄၀ ကြားပဲ ရှိသေးတယ်ဆိုရင်တော့ တစ်ခုခု မှားယွင်းနေသလား မသိဘူး။ ကိုယ့်စိတ်ကိုယ် ပြန်ဆန်းစစ်ကြည့်ဖို့ အကြံပြုလိုက်ပါရစေ။
ဆရာတို့စကားတွေကြားရတာ ကျန်တော်တောင်မိန်းမယူချင်စိတ်ပေါက်လာပြီဗျ…ဟီး
ဒါပေမယ်.ကြာရင်ရိုးသွားမှာပေါ.နော်။ ၀တာပိန်တာနဲ.ရော ဆိုင်လားဟင်။ ကြာတော. သူကြည်.ရတာ ပင်ပန်းလာတယ်။ အချိန်တွေ ကြာပေမယ်.လည်း အလကားပဲ။ ဒါရိုးသွားတာလား။ သမီးက ၀ပေမယ်.အရမ်းကြီးလည်း မဟုတ်ပါဘူး။ ၀ိတ်ချဖို.လည်း အချိန်မပေးနိုင်ဘူး။ သူရိုးလာတာလားဟင်။ ၀တာကြောင်.ပဲ စိတ်ပျက်လာတာလား
လူ့အမူအကျင့်မှာ ပုံသေနည်း မရှိပါဘူး။ ရိုးလွယ်တဲ့သူက ရိုးသွားမှာပါ။ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုပဲ တလည်လည်ဖြစ်နေတဲ့သူက ဖြစ်နေမှာပါ။ တစ်ဦးချင်းစီနဲ့သာ သက်ဆိုင်ပါတယ်။ ၁ + ၁ = ၂ လို ပုံသေနည်း ထုတ်လို့ မရပါ။
ဆရာ ကျွန်တော် မေးထားတဲ့ ကိစ္စ ဖြေကြားပေးပါအုံး
ဘာကြောင့် ကိုယ့်ထက် ၁၀ နှစ်နီးပါးကြီးတဲ့ သူကို မယူသင့်တဲ့ အကြောင်းဆိုတာ သင်္ကြန် ပြီးရင် ဖြေမယ်လို့ ဆရာပြောထားတယ်နော်။
inn I want know
condom သုံးပြီး အပြင်မှာ ပြီးရင် ကိုယ်ဝန် ရနိုင်ပါသလားဗျာ…..ဖြေပေးပါနော်….
မင်္ဂလာပါ ဆရာ…
အပေါ်က အကြောင်းနဲ့ နည်းနည်း သက်ဆိုင်လို့ မေးကြည့်ချင်ပါတယ်။ အပြင်မှာပြီးရင်လဲ ကိုယ်ဝန်ရနိုင်တယ်ဆိုရင် ထိုးသွင်းခြင်းမပြုပဲ အာသာပြေဆက်ဆံလို့ အပြင်မှာပဲ ပြီးသွားရင်ရော. ကိုယ်ဝန်ရနိုင်လားသိချင်ပါတယ်။ သုက်ပိုးက မိန်းမကိုယ်အပြင်ဘက်ကို ထိတွေ့မိရုံနဲ့ အထဲကို ၀င်နိုင်ပြီး ကိုယ်ဝန်ရှိသွားနိုင်လားဆိုတာ သိချင်လို့ပါ။
humm..? lol .. so funny
ကျေးဇူးပြုပြီး တစ်ရက်ကို ဘယ်နှစ်ကြိမ်ထိ လက်နဲ့ အာသာ ဖြေလို့ ရပါသလဲ သိချင်ပါတယ်
စွမ်းသလောက်၊ စိတ်ပါသလောက်ပါ။
ဆရာ လက်နဲ့အာသာဖြေတာများလာရင် အကြောတွေတတ်သဗျ ..ဂုတ်တွေညောင်းသဗျ ဒါဆိုင်လား စိတ်ကြောင့်လားဆရာ…
ဆရာ………………
လက်နဲ့ အာသာဖြေတာနဲ့ လိမ်ဆက်ဆံပြီး ပြီးသွားတာ ဘယ်ဟာက ဘယ်လီုကွာခြားပါသလဲ?
ကောင်းကျိုး ဆိုးကျိုးက ဘယ်လိုပါလဲ ဆရာ?
\
သိချင်ရင်စမ်းကြည့်ပေါ့ ကိုသားဆိုးရဲ့ ငါးထောင်လောက်ဆိုရတာပဲ
….i tell u what !!… ur hand is free for ur sperm… i know u r nothing..and u dont have wife and u dont have money to find prosititute…..so do urself is better way for u… u dummy …
ကျန်တော်ကတော့ မာစတာဘေးရှင်ကို ပိုကြိုက်တယ်…. pressure လုံးဝမရှိဘူးလေ.. အန္တရယ်လဲကင်းတယ်
ဆရာရှင့် သမီးလဲ အဲဒါလေး သိချင်လို့ ကျေးဇူးပြုပြီးဖြေကြားပေးပါနော်။
အပြင်မှာပြီးရင်လဲ ကိုယ်ဝန်ရနိုင်တယ်ဆိုရင် ထိုးသွင်းခြင်းမပြုပဲ အာသာပြေဆက်ဆံလို့ အပြင်မှာပဲ ပြီးသွားရင်ရော. ကိုယ်ဝန်ရနိုင်လားသိချင်ပါတယ်။ သုက်ပိုးက မိန်းမကိုယ်အပြင်ဘက်ကို ထိတွေ့မိရုံနဲ့ အထဲကို ၀င်နိုင်ပြီး ကိုယ်ဝန်ရှိသွားနိုင်လားဆိုတာ သိချင်လို့ပါ။
မရနိုင်ဘူးထင်တယ်
တစ်ခေါက်နှစ်ခေါက်လောက် လုပ်ရင်ကိုက်ဝန် ရနိုင်လားဆရာ ကျေးဇူး ပြုပြီဖြေ ပေးပါလား ဆရာအချိန်မရှိတော့ လို့ ပါဆရာ ဒါမ မဟုတ်ဆေးသောက်ရင်ရော ကျေးဇူးပြုပြီ ဖြေးပေးပါဗျာ။
တစ်ခေါက်နဲ့လည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ကွန်ဒုံးကို အမြဲဆောင်၊ အမြဲသုံးသင့်ပါတယ်။
ဆရာရှင့်..
၇၂ နာရီအတွင်းသောက်ရတဲ့ ဆေးသောက်ရင်ကော အဆင်ပြေနိုင်မလားရှင့်…
အသဲအသန်ချည်းပဲ
ကိုယ်ဝန်မရချင်ရင်တော. မလုပ်တာအကောင်းဆုံးပဲ တစ် ခု ကို လိုချင်ရင်တော. တစ်ခုကို စွန်.လွတ်ရမှာပဲ လေ…
မှန်လိုက်တဲ့စကား ကောင်းတယ်
Take contraceptive pills or condom.Condom safe97%also diseases- HIV,AIDS etc.If u want to take pills, go and find CONTRACEPTION here.Sir ATK wrote about side effect and disadvantages.Remember!if u know her menstruation circle and using calculate calendar method will help u to be safe by taking pills.But next month her menstruation will not be occurred normally.I mean it will be lately or sometimes early.
this site goog par tal .I want to know .
ဆရာရေ ရာသီလာတာတစ်ရက်ထဲနဲ့ရပ်သွားတယ်ဆိုတာ ဖြစ်နိုင်လားခင်ဗျာ
ဘာလို့လဲဆိုတော့ ရာသီမလာခင်တစ်ပတ်မှာလိင်ဆက်ဆံထားမိလိုက်တယ် ကျွန်တော်ကသုတ်ကိုအပြင်မှာထုတ်လေ့ရှိတယ် အခုတစ်ပတ်မှာရာသီလာတယ်လို့ပြောပြီး
တစ်ရက်ထဲနဲ့ရပ်သွားတယ် နောက်နေ့မလာတော့ဘူးဆိုတော့ ကိုယ်ဝန်များလားဆိုပြီး
သံသယဖြစ်မိလို့ပါ
ဒါကြီးကိုအလုပ်တစ်ခုဖြစ်နေကြတာလား မသိဘူး
တရားရစရာကောင်းလိုက်တာ။
တရားရရင် နောက်တစ်ကြိမ် ဒီ site ထဲကိုဝင်မလာခဲ့ပါနဲ့နော်။ ဒီစာမျက်နှာက အာသဝေါမကင်းနိုင်သေးတဲ့ ပုထုဇဉ်တွေအတွက်ပါ။ သောတာပန်ဖြစ်တဲ့ ဝိသာခါတောင်မှ ဒီကိစ္စမကင်းနိုင်ဘူးမဟုတ်လား။
ဟုတ်ပါ့ကွယ် လူတွေကိုယ်တိုင် မျက်တွေ့ဆို ပြောရဲမှာမဟုတ်ဘူး ဒါ တိတ်တိတ်ပုန်းတွေဖြစ်နိုင်တယ် မဟုတ်တာလုပ်ပီး လာပေးနေကြတယ် ကောင်မတွေပိုဆိုး လင်ယူထားတာ ကလေးရ ရ မရချင် မချခိုင်းနဲ့ပေါ့ ဟဲ စတာပါ ဘွာတေး
ပြောတာကြီးကလဲ နည်းနည်းလွန်သလိုပဲ…စတာတော့ဒီလိုစသင့်ဘူးထင်တာပဲ………..KoKo joke ရယ်….
လက်နဲ့အာသာဖြေတာများရင် ဇက်ကြောတက်တယ်၊ အကြောတွေ တောင့်တင်းပြီး ကျန်ခဲ့တယ် ဆရာ။
ကို ချစ်ကိုကို ပြောသလိုပါပဲ ဆရာ။
အားလုံးကတော့ ကိုယ်လုပ်ရင် ကိုယ်ပြန်ခံရမှာပဲ….
ဟုတ်တယ် ကို လုပ်ရင် ကို ခံရမှာဘဲ။
လက်နဲ့အာသာဖြေတာများရင် ဇက်ကြောတက်တယ်၊ အကြောတွေ တောင့်တင်းပြီးခါးတွေပါနာတယ်ဆရာ…မလုပ်ပဲ ၂ ရက်လောက်နားလိုက်ရင်ပျောက်သွားပြန်တယ်ဆရာ..အဲ့ဒါဘာကြောင့်မျာလဲဆရာ…ကျေးဇူးပြုပြီ ဖြေးပေးပါဆရာ…
ဟိုဟာပြုမှာကြောက်ရင် ဟိုဟာမပြုနဲ့ပေါ့ တကတည်း မပြောလိုက်ချင်ဘူးးးး
ဆရာရှင့် သမီး ရာသီလာနေတဲ့ နောက်ဆုံးနေ့မှာဘဲ ဆက်ဆံမိခဲ့ပါတယ်။
အဲဒါ ကိုယ်ဝန်ရှိနိုင်လားမသိဘူးရှင်။ ကျေးဇူြး့ပုပြီး ဖြေကြားပေးပါနော်။
ဘယ် period က safe ဖြစ်မှန်းလဲ မသိလို့ပါရှင်။
အဖွင့်စာမျက်နှာက “ဒါဖတ်ပြီးမှ မေးခွန်းတွေ မေးမြန်းကြတော်မူ” ဆိုတာလေးကို သဘောပေါက်အောင်သာ ဖတ်လိုက်ပါတော့ ဂျီးဒေါ်။ သည်အကြောင်းက ရေးပြီးသား တင်ပြီးသား ဖြစ်ပါတယ်။ 😦
ကောင်မလေးတွေ မေးလို့ အဆင်ပြေတာ ကောင်းပါတယ်။များများမေးကြပါ။ဒါမှ ဗဟုသုတရကြမှာပေါ့…။
အားလုံးကို thank you ပါ။ မသိတာလေးတွေတော်တော်များသိရတဲ့အတွက် ရယ် comment ကိုဖတ်ရင်းနဲ့ ရယ်ရတဲ့ အတွက်ပါ-
ကို အတ္တ ခင်ဗျား (ဦးဗလ လေသံဖြင့်)
ကျွန်တော်သိချင်တာတစ်ခုကတော့ရင်ဖြင့်..လိင်ဆက်ဆံရင် ယောနိလမ်းကြောင်းက နာတဲ့ ကျွန်တော့ဇနီး ရောဂါပါ ..ကလေး တစ်ယာက်ရပြီးတဲ့ အထိ နာနေတဲ့ အတွက်..OG နှင့်ပြရန် မိန်းမ က မလိုက်ပါခင်ဗျား..ရှက်သည်တဲ့လေ..။ရှက်ကြီးတဲ့ ကျွန်တော့ဇနီး .တစ်သက်မညည်းရအောင်..ဘာရောဂါလည်း ဆိုတာ..လင်းစမ်းပါဦး ခင်ဗျ
…
ဖြေချင်စရာ ကောင်းအောင် မေးတတ်တာကို ကျေးဇူးတင်ပါတယ်။ မိတ္တဗလဋီကာကို အတော် ကျေညက်ပေးတာပဲဗျာ။ ချီးကျူးပါတယ်။ 😦
ပြန်မေးမယ်။ အဲဒီ့လမ်းကြောင်းမှာ ချောဆီ လုံလုံလောက်လောက် ဗုံးပေါလအော ထွက်နေတဲ့အချိန်မှာ ဆက်ဆံလျက်နဲ့ နာကျင်တာပါလား။
အပေါ်က joseph ပြောတဲ့သူမိန်းမဖြစ်တဲ့ပုံစံမျိုးကိုကျွန်တော် Good Health ဂျာနယ်မှာဖက်လိုက်၇တယ်ဗျ။OGတစ်ယောက်ေ၇းထားတာဗျ။အဲ့လိုကလေးတစ်ယောက်တောင်၇နေပြီ
ယောနိလမ်းကြောင်းကသေးသွယ်နေတဲ့အမျိုးသမီးတွေကိုကုသဖူးတယ်လို့ဆိုတယ်ဗျ။OG ပြောတာကတော့ဒီလိုဆက်ဆံတိုင်းနာကျင်တဲ့အမျိုးသမီးတွေ၇ဲ့ယောနိလမ်ကြောင်းကိုချဲ့လို့၇တယ်လို့ဆိုထားတယ်ဗျ။ဒီတော့ခင်ဗျားမိန်းမအ၇ှက်ကြီးတာကိုအလေးထားပြီးOG နဲ့မကုသဘဲနေ၇င်ကြာ၇င်ခင်ဗျားစိတ်ညစ်၇လိမ်နော်။ဒါကကြီးကြယ်တဲ့ကုသမှုမဟုတ်ဘူးလေလွယ်လွယ်လေးနဲ့ကုလို့၇တယ်လေ။
်
ယောက်ျားမိန်းမဆက်ဆံပြီး ဘယ်နှစ်လနေရင်ကိုယ်ဝန်ရှိ မရှိသိနိုင်ပါသလဲ။
အဲဒီ့နောက် ဓမ္မတာ ပေါ်မလာတော့ဘူးဆိုရင် သိနိုင်တာမို့ တစ်လလို့ အကြမ်းဖျင်း ပြောနိုင်ပါလိမ့်မယ်။
ဆရာ ကျနောမိန်းမကို ကျနော်အပေါ်ကနေသူ့ ခြေထောက်နှစ်ချောင်းကို မပြီးဖိလိုက်ရင် ရှုးပေါက်ချင်တယ်လို့ အမြဲတမ်းပြောတယ် အဲဒါဘာဖြစ်လို့လဲဆရာ အန္တရာယ်ရှိနိုင်ပါသလားဆရာ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုန်းဆရာ
အဲ… အန္တရာယ်တော့ မရှိပါဘူး။ ပေါက်ချင်ရင် ပေါက်ချလိုက်လို့ ပြောပြီးသာ ဆက်လက် ကြိုးပမ်းပေးလိုက်ပါ။ သူ ဆွေမျိုးမေ့သွားမယ့် အလားအလာကို ပြောလိုက်တာလို့ တွက်ဆရပါတယ်။ 🙂
တားဆေးတွေထဲမှာဘယ်ဟာကကောင်းနိုင်ပါလဲခဗျာ
ကွန်ဒုံး
လင်မယားဖြစ်နေမှတော့ဆေးသောက်ရင်သောက်၊ထိုးရင်ထိုး။ဒီခံစားမှုလေးပဲရှိတဲ့ကိစ္စကိုဘာဖြစ်လို့မပြည့်မ၀လုပ်နေရတာတုံး။ညံ့ပ ကိုယ့်တူမရယ်။
ဆရာ…..ကျွန်တော့်ကောင်မလေးရာသီမလာခင်ရက်မှာဆက်ဆံမိတော့မလိုဖြစ်သွားပါတယ်
ကျွန်တော်တို့ ကတစ်ခါမှမဆက်ဆံဖူးပါဘူး…..ဒါပထမဆုံးပါ……အထဲကိုတောင်မသွင်းပါဘူးဆရာ……
vagina အ၀နဲ့ ထိရုံလေးပါ ကျွန်တော်လည်းပြီးတောင်မပြီးလိုက်ပါဘူး…..အခုသူကရာသီမလာဘူးဆိုလို့ 
ပါ..လာပြန်တော့လည်းနည်းနည်းလေးတဲ့………အဲတာကိုယ်ဝန်ရနိုင်လားဟင်…….
တခြားတစ်ယောက်နဲ့တော့ ရချင် ရနိုင်တာပေါ့လေ။ ခများနဲ့တော့ ရနိုင်မယ် မထင်ပါဘူး။ 😀
သည်ဆိုက်ထဲက စာတွေ၊ ကွန်မန့်တွေကိုပဲ အမြီးပြန် ခေါင်းပြန်ဖတ်ပေးစေချင်ပါတယ်ခင်ဗျား။
တစ် ခု လောက် မေး ကြည့် ချင် လို့ ပါ ရှင် ။
အ ပြင် မှာ ကိစ် စ ပြီး တာ စိတ် မ ချ ရ ဘူး ဆို ရင် (ဆက် ဆံ ပြီး တာ တော့ 10 ရက် လောက် ရှိ သွား ပါ ပြီ။) ကိုယ် ဝန် ရှိ လာ နိုင် မဲ့ အ ရေး ကို တား ချင် ရင် ဘယ် လို ကာ ကွယ် လို့ ရ နိုင် ပါ သေး လဲ သိ ချင် လို့ ပါ ။ အ ချိန် ရော မှီ သေး လား ။ ဘေး ထွက် ဆိုး ကျိုး ရော ဘယ် လို ရှိ နိုင် လဲ။ ကျေး ဇူး ပြု ၍ မြန် မြန် လေး ဖြေ ကြား ပေး စေ လို ပါ တယ် ရှင် ။ ကျေး ဇူး တင် ပါ တယ် ရှင်။
၁၀ ရက်ဆို အချိန်မမီတော့ပါဘူး။
လင်ဆက်ဆံချိန်ကာကွယ်နည်းလေးသိချင်ပါတယ်ကွန်ဒုံးမသုံးပဲဆက်ဆံနည်းလေးတွေပါ
than you sayar………………………………….
ဆရာ့ရဲ့ အတွေ့အကြုံနဲ့ ပညာပေးစကားတိုလေးက ကျွှန်တော်တို့အတွက် တော်တော် ထိရောက်နားလည်စေပါတယ် ဆရာ ကျွှန်တော်လည်း ဆရာ့ရဲ့ စာတွေကိုဖတ်ပြီးမှ ဒီလို ဖိုမ ကိစ္စ မှာတင် မဟုတ်ဘူး နေ့စဉ် ကြုံတွေ့နေ့တဲ့ လူ့သဘာဝကိစ္စတွေကိုပါ လက်တွေ့ကျကျ စဉ်းစားတတ်လာပါတယ် ဆရာ အရမ်းကျေးဇူးတင်ပါတယ်။ဆရာအပေါ်မှာ ပြောခဲ့သလို ဆက်ဆံ ပြီး10 ရက်ဆိုမမှီတော့ဘူးဆိုတော့ အများဆုံး ဘယ်နှစ်ရက်လောက်အထိ ကာကွယ်လို့ ရပါသလဲ ဆရာ။ နောက်ပြီး ကာကွယ်ဆေးတွေကိုလည်း တစ်ပတ်တစ်ကြိမ်နဲ့ တစ်လလောက်ဆက်တိုက်တိုက်ခဲ့တဲ့တာ အန္တရာယ်ရှိနိုင်ပါသလားဆရာ။ဆရာ အချိန်ရရင် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဆရာ့အတွေ့အကြုံလေးတွေကိုပါ ဝေမျှစေချင်ပါတယ် ဆရာ။
ကိုယ်ဝန်တစ်လမှ ဘယ်လိုဆေးတွေကို ရှောင်သင့်ပါသလဲ
ဘယ်လိုအပြုအမူ အနေအထိုင်မျိုးက ကိုယ်ဝန်ပျက်ကျနိုင်သလဲ
သမီးကိုယ်ဝန်က တစ်လလောက်ရှိပါပြီ ရာသီလာရမဲ့အချိန်
ကျော်လို့ ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေတာ သိလိုက်ရတာပါ
အဝေးသင် တက္ကသိုလ် တတိယနှစ်တက်နေတာပါ ကျောင်မပြီးသေးတော့ ကလေးမွေးဖို့က အဆင်မပြေပါဘူး အဲဒါနဲ့ ကေသီပန်ဝမ်းပုပ်ချ
ဆေးမှာ ကိုယ်ဝန်ရှိစဉ် မသုံးရလို့ တားမြစ်ထားလို့ အဲ့ဒါကို သုံးရက်
တစ်ခါသောက်ရင် သုံးထုပ်သောက်ပါတယ် တစ်ခါတစ်လေဗိုက်နာတာ
ကလွဲလို့ တခြားဘာမှ မဖြစ်ပါဘူး ကိုယ်ဝန်ပျက်ကျအောင် ဘယ်လိုလုပ်ရမလဲ ကျေးဇူးပြု၍အကြံဉာဏ်ပေးပါဆရာ တစ်ခြားဘယ်သူ့ကို့မှ မမေးရဲလို့ပါ ဖြစ်နိုင်မယ်ဆိုရင် သမီးAcc ထဲကို mail ပို့ပြီးဖြေကြားပေးလို့ရမလား ကျေးဇူးပြု၍ နည်းလမ်းလေးဖြေကြားပေးပါ ဆရာ
ကလေးမွေးဖို့ အဆင်မပြေရင် အစောကြီးကတည်းက ဘာလို့ သည်အလုပ် လုပ်ခဲ့သေးသလဲ။ အခုမှတော့ မွေးတော့ပေါ့။ ကိုယ်ဝန်ပျက်ကျအောင် ဖျက်နည်း မသိပါ။ သိလည်း မပြောနိုင်ပါ။
ကိုယ်လုပ်ချင်တာ လုပ်ပြီးမှတော့ ကိုကြီးကျော်ကို သူခိုးသေဖော်ညှိလုပ်မနေပါနဲ့တော့ သမီးရယ်။ ဖျက်လည်းမချပါနဲ့တော့၊ ဒါရာဇဝတ်မှုဆိုတာကိုရော သိရဲ့လားဟယ်။
ဆရာကျွန်တော့်ရည်းဇာထားတာ
ကြာပါပြီဆရာ သူနဲ့ဆက်ဆံတာကပထမဦးဆုံးပါ
သူ့ကိုကျွန်တော်ဆက်ဆံတာကရာသီလာ
ပြီး၃ရက်မှာပါဒီနေ့နဲဆို၁လလောက်တော့ရှိပါပြီ
အခုချိန်ထိရာသီမလာသေးပါဘူး
ကိုဝန်ရှိမှာကိုကြောက်နေပါတယ်ဆရာ
ဆက်ဆံတဲ့အချိန်တုန်းကဘာမှအသုံးမချခဲ့ပါဘူ
ကိုဝန်းတားဖို့အချိန်မီသေးရင် အကြံနည်နည်လောက်ရချင်ပါတယ်ဆရာ
အားကိုးပါရစေ
ဘယ်လိုအခြေအနေတွေမှာ ကိုဝန်ပျက်ကျတက်လဲဟင်
ကိုဝန်ပျက်မကျအောင်ဘယ်လိုနေရမလဲ
ပြောပြပေးပါနော်
ဆရာမေးစရာလေးရှိလို့ပါ ကောင်မလေးနဲ့ဖြစ်တာ ၁၅ရက်လောက်ရှိပါပြီဆ်ဆံတုန်းကကွန်ဒုံးပါတဲ့အခါလည်းပါပါတယ် တခါတလေမသုံးဖြစ်လို့ကိစ္စကိုအပြင်မှာပဲပြီးလိုက်ပါတယ်အခုစိတ်မချလို့ဆိုပြီးတားဆေးတိုက်ထားတယ် ၂၈ ရက်သောက်ရပါတယ် အနီကုန်သွားတဲ့အထိသောက်ခိုင်းပါတယ် အဲလိုသောက်ခိုင်းလိုက်လို့လားမသိဘူးရာသီလာမဲ့ရက်ကိုကျော်ပြီအခုထိမလာသေးဘူးဆေးခန်းသွားမေးတော့လည်းအနီထိကုန်အောင်သောက်အနီကုန်လို့မှာမလာရင်ဆီးစစ်ရမဲ့တဲ့……ကျွန်တော်သိချင်တာတစ်ခုကဆေးသောက်လိုက်လို့ရာသီလာမဲ့ရက်ပြောင်းသွားတာလား ဒါမှမဟုတ်ကိုယ်ဝန်ရှိနေလို့လားခင်ဗျား အဲလိုဆေးတိုက်တော့ဆေးကကာကွယ်နိင်ပါသလားခင်ဗျား
ဆရာသမီးရာသီလာပြီးနောက်တရက်အကာအကွယ်မဲ့ဆက်ဆံမိတာကိုဝန်ရနိုင်ပါသလားအရမ်းကြောက်လို့ပါ
အတူနေခြင်းဟာ မိန်းမကို ဝလာစေသလားဆရာ
ဆေးမသုံးပါဘူး ကွန်ဒုံးသုံးတာပါ ဖြေပေးပါဆရာ
ဆရာ ကျွှန်တော် ရည်းစားက ရာသီမလာတာ ရှေ့လကလဲမလာပါဘူး ဒီလလဲအခုချိန်ထိမလာပါဘူးဆရာ ကျွှန်တော်သူနဲဆက်ဆံရင် ကွန်ဒုံးလဲ သုံးပါတယ် ကွန်ဒုံးမပါရင် သူအထဲလဲမထည့်ပါဘူးဆရာ သုတ်ဆြိုလဲအမြဲအပြင်မှာပဲလွတ်ပါတယ် ကျွှန်တော်ပစ္ဓည်းလဲ တစ်ခါမှသူအထဲမထည့်ပါဘူးဆရာ သူကသွေးအားလဲနည်းတယ်ဆရာ အဲဒါ ကိုဝန်ဖြငင့်နိုင်လားဆရာ ရာသီအမှန်ပေါ်အောင်ဘယ်လိုလုပ်ရမလဲဆရာ မြန်မြန်လေးဖြေပေးပါဆရာ
ဆရာရှင့် သမီးအိမ်ထောင်ကျတာတနှစ်လောက်ရှိပါပြီ
တခါမှပြီးတယ်ဆိုတာမရှိပါဘူး ပြီးလည်းမပြီးချင်မိပါဘူး
အမျိုးသားဘဲပြီးသွားလေ့ရှိပါတယ် သူပြီးအောင်စောင့်
နေရတာညောင်းပါတယ် တခါမှသူများတွေပြောသလို အရည်တွေထွက်လာတယ်တို့ ဘာတို့မရှိပါဘူး သမီးစိတ်ပါလဲငါးမိနစ်ထဲအလွန်ဆုံးပါ
ုပြီးတော့သူသမီးနောက်ကနေဆက်ဆံရင် အရမ်းနာပါတယ် လုံးဝမခံနိုင်အောင်နာတာပါအဲ့ဒါအထဲမှာတခုခုဖြစ်နေတယ်ထင်ပါတယ် တခါတခါသူကမပြီးနိုင်ဘဲရစ်နေရင်သမီးမှာတော်တော် စိတ်ညစ်ပါတယ် အောင့်ခံနေရပါတယ်သူကတော့ စာတွေထဲမှာဖတ်ဖူးတဲ့အတိုင်း မိန်းကလေးတွေကမြန်တာမကြိုက်တော့သမီးအတွက်တမင်အောင့်ထားပါတယ် သမီးကတော့သေမလိုခံစားနေရပါတယ်
သမီးကအရည်ကြည်တော့အများကြီးထွက်ပါတယ်
အဲ့လိုပြီးတယ်ဆိုပြီးအရည်ပျစ်ပျစ်မထွက်ပါဘူးပြီးတော့သူ့သုတ်ရည်ဝင်သွားလည်းဝင်သွားမှန်းမသိပါဘူး
ဘာမှအထိအတွေ့မသိပါဘူးအဲ့ဒါရောဂါလားဆိုတာသိချင်ပါတယ်ဆရာ
ဆ၇ာ ကျွန်တော့်မိန်းမမှာကိုယ်ဝန်ရှိနေပါပြီဆ၇ာ.မင်္ဂလာ ကလည်းမဆောင်၇သေးပါဘူး.ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတာပါ.ကလေးကလည်းယူလို့မဖြစ်သေးဘူးဆိုတော့..ဆ၇ာ၇ယ် အဲ့ဒါနဲ့ဒီမှာရှိတဲ့အဒေါ်တယောက်နဲ့လုပ်ကြည့်တော့..သားအိမ်ကအပေါက်ပိတ်နေတယ်တဲ့…ဆ၇ာ..အဲ့ဒါသားအိမ်အပေါက်ပွင့်အောင်လို့ဘယ်လိုလုပ်၇မလည်းဆိုးတာလမ်းညွှန်ပေးပါနော်..ဆ၇ာ..အ၇မ်းကိုအေ၇းကြီးနေပါဆ၇ာ…..ကျေးဇူးပြု၍ဖြေပေးပါနော်..ဆ၇ာ
ဆရာရှင့်ကိုယ်ဝန်၁လဖျက်ချရမယ့်နည်းလမ်းလေးပေးပါဆရာ
ဆရာကျွန်တော့်ရည်းဇာထားတာ
ကြာပါပြီဆရာ သူနဲ့ဆက်ဆံတာကပထမဦးဆုံးပါ
သူ့ကိုကျွန်တော်ဆက်ဆံတာကရာသီလာ
ပြီး၃ရက်မှာပါဒီနေ့နဲဆို၁လလောက်တော့ရှိပါပြီ
အခုချိန်ထိရာသီမလာသေးပါဘူး
ကိုဝန်ရှိမှာကိုကြောက်နေပါတယ်ဆရာ
ဆက်ဆံတဲ့အချိန်တုန်းကဘာမှအသုံးမချခဲ့ပါဘူ
ကိုဝန်းတားဖို့အချိန်မီသေးရင် အကြံနည်နည်လောက်ရချင်ပါတယ်ဆရာ
အားကိုးပါရေ
မိန်းကလေးရဲ့ပါးစပ်ထဲကိုယောကျာ်းရဲ့သုတ်ပိုးဝင်ရင်ကိုယ်ဝန်ရနိုင်ပါသလား
ပါးစပ်နဲ့ သားအိမ်နဲ့ အဆက်အစပ် မရှိပါဘူး။ သားအိမ်ထဲကို ၀င်ရင်တော့ ကိုယ်ဝန်ရနိုင်ပါတယ်။
ဆရာကျွန်တော်ရဲ့လုပ်ရပ်ကိုဆန်းစစ်ဝေဖန်ပေးပါဦး။
ကျွန်တော်ကောင်မလေးနဲ့အတူနေရင် အပြင်မှာပဲကိစ္စပြီးပါတယ်။ကွန်ဒုံးမသုံးပါဘူး။ဆရာရေးထားတဲ့စာထဲကအတိုင်း မဆက်ဆံခင် ဆီး၁ခါသွားလိုက်ပါတယ်ရေလဲဆေးပါတယ်။နှစ်ယောက်လုံးကျေနပ်သွားရင် (ပွင့်ပွင့်လင်းလင်းပြောရရင်)သူ့ရဲ့ယောနိအတွင်းထဲကို ကျနော်ကိုယ်တိုင်ရေငုံပီးအတွင်းထဲကိုရေနဲ့ဆေးချပါတယ်။ပါးစပ်ထဲကိုရေပြန်မ၀င်အောင်လုပ်ရတာပေါ့(ပူပေါင်းထဲပါးစပ်နဲ့ရေထည့်သလိုပေါ့)။အဲဒီအချိန်မှာ အတွင်းသားတွေက ပူနေတော့ ရေအေးနဲ့ တွေ့သွားတော့ဆိုးကျိုးဖြစ်နိုင်လားသိချင်တာပါ။စာအရေးအသားမှားတာရှိရင် သည်းခံပြီးဖတ်ပေးပါခင်ဗျာ။